trust me ~ 3.

1K 124 12
                                    


Uni

ကုတင်မွှေ့ယာထက်မှာတစ်ယောက်ထဲအိပ်စက်ရတဲ့ ညတွေထဲကတစ်ည။ မောင်ညကပြန်မလာခဲ့ဘူး။ ပင်ပန်းနေပေမယ့် ငါ့ကိုကျောခိုင်းထွက်သွားဖို့တော့ဝင်မလေးတဲ့သူ။
ပုံမှန်နေ့တစ်နေ့တွေလိုပဲ မောင့်ဥပ္ပခါတွေနဲ့ ကုန်ဆုံးသွားရပြန်ပြီ။

ရေခဲသေတ္တာကိုဆွဲဖွင့်တော့ ဒီနေ့တစ်နေ့စာအတွက်တောင်မလောက်ငှတော့ဘူး။ ချက်ပြုတ်စရာတွေက ကုန်တာမြန်လိုက်တာ။ တကယ်က ဟာအိုနဲ့သားကလွဲရင်စားတဲ့သူမရှိပါ။ မောင့်အတွက်အမြဲပိုချက်ထားခဲ့ပေမယ့် ဟာအိုချက်သမျှကိုမောင်က ထိတောင်မထိ။ ဒါတောင် ဒီလေးနှစ်လုံးအမှတ်မရှိ မောင်စားဖို့အတွက်ချက်ပြုတ်နေတုန်း။ သွန်ပစ်လိုက်ရတဲ့ဟင်းခွက်တွေကိုညှာတာခြင်းမရှိပဲပေါ့။

သားကိုခေါ်ပြီး အိမ်အတွက်လိုအပ်တာတွေဝယ်ဖို့ market ကိုသွားရမယ်။ မောင့်ကိုအသိပေးရမည်ဖြစ်သည့်အတွက် ဟာအိုမောင့်ဆီ ဖုန်းဆက်လိုက်တယ်။ မအားသေးပါဆိုတဲ့အော်ပရေတာက ဖြေသံကြောင့် မောင်အလုပ်ပိုရှုပ်မှာစိုးလို့ထပ်ပြီး မဆက်သွယ်တော့ဘူး။ မဟုတ်လဲမောင်ကဟာအိုအိမ်မှာမရှိရင်သိနေမှာပဲလေ။ နောက်မှအတ္တဆန်ဆန် ဖုန်းဆက်ပြီးမေးလာမယ့် မေးခွန်းတွေကိုဖြေပေးရမှာပဲ။

မနက်စာကိုပေါ့ပေါ့ပါးပါးပဲ သားနဲ့အတူစားပြီးတာနဲ့ စျေးဝယ်ထွက်ဖို့ပြင်ကြတယ်။ သားက အပြင်ကိုလျှောက်မသွားတာကြာနေပြီဆိုတော့ ခုချိန်အတက်ကြွဆုံးပူတင်းလုံးလေးဖြစ်နေတော့တာ။ သားသားချောရဲ့လားဆိုတဲ့မေးခွန်းကိုတော့ Taxiပေါ်ရောက်တဲ့ထိကိုတောက်လျှောက်မနားတမ်းမေးနေတော့တာပဲ။ တစ်မှတ်တိုင်လောက်အကွာမှာရှိတဲ့ marketမှာပဲ ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။ အရမ်းဝေးဝေးသွားနေရင် မောင့်အပြောနဲ့မလွတ်ဖြစ်နေဦးမှာ။

စျေးဝယ်တွန်းလှည်းပေါ်မှာ သားကိုထည့်ရင်းဟာအိုက တွန်းကာအသားငါးတွေဘက်ကိုအရင်သွားလိုက်တယ်။ သားရောသူ့အဖေရောကြိုက်တဲ့ အမဲဂုတ်သားတွေကို ကီလိုလိုက်ဝယ်ပြီး ဟာအိုကြိုက်တဲ့မိုးခိုသားတွေပါတစ်ခါထဲဝယ်လိုက်တယ်။ ပြီးနောက် အသီးအရွက်တွေဝယ်တယ်။ လူသုံးကုန်ပစ္စည်းတစ်ချို့ဝယ်တယ်။

~ TRUST ME ~Where stories live. Discover now