trust me ~ 7. ***

1.4K 117 18
                                    

Mature warning // Read at your
own risk 🔺

Uni

ဟာအိုတစ်ယောက် ကိုယ့်မွေးနေ့ရောက်တာ​တောင်မပျော်ရပါ။ မောင်နဲ့အတူထိုတစ်နေ့တာကို ​အေးအေးချမ်းချမ်း ဖြတ်သန်းချင်ခဲ့ပေမယ့် ရှန်ချွမ်ရွေ့ရဲ့ နှောင့်ယှက်မှုကြောင့် စိတ်ပင်ပန်းစရာတွေကိုသာ အဆောင်အပြန်လမ်းသို့သယ်သွားနိုင်ခဲ့သည်။

နှစ်ယောက်လုံး နေ့လည်စာတောင်မစားခဲ့ရတာကြောင့် အဆောင်နားကဆိုင်တစ်ဆိုင်သို့ဝင်ကာ ဗိုက်ဖြည့်ကြရသည်။ ဟာအိုကြိုက်တာတွေကိုသာရွေးမှာပေးတဲ့မောင်က အရမ်းအလိုက်သိတာ။ မောင်ကဟာအိုကိုသိပ်ချစ်တာမို့ စိတ်ဆိုးပြီဆိုလျှင်လဲ အကြာကြီး မဆိုးရက်။

အသေအချာချော့မော့ကာ နားလည်မှုယူတတ်သည်။ ဝန်တိုစိတ်နဲ့ အတ္တအနည်းငယ်တော့ မောင့်မှာရှိတာ ဟာအိုသိသည်။ သို့ပေမယ့်မောင်က ဟာအို့အရှေ့တွင်တော့ ထိုသို့သော အမှောင်ဘက်ခြမ်းကို သိပ်ပြလေ့မရှိပါ။ ထိုအစားဟာအို့မျက်ရည်သာမြင်ခဲ့လျှင် သူ့ကိုယ့်သူ ပိုလို့အပြစ်တင်နေတတ်သည်။

စားသောက်ဆိုင်သို့ဝင်ချိန်လောက်က မှိုင်းညှို့နေသည့် တိမ်စိုင်မဲမဲတွေဟာ ယခုတွင်တော့ ရွာသွန်းတော့မည်ဖြစ်ကြောင်း အချက်ပေးလာလေသည်။ စားစရာရှိတာအမြန်စားကြရင်း ငွေရှင်းကာ အဆောင်သို့နှစ်​​ယောက်သားအသော့နှင်ကျတဲ့အချိန်မှာပဲ ဝုန်းခနဲရွာချလာတဲ့မိုးကြောင့် မောင်နဲ့ဟာအို ပြာယာခတ်စွာပြေးရတော့သည်။

မောင့်ရဲ့လွယ်အိတ်ကို ဟာအို့ရဲ့ဦးခေါင်းပေါ်သို့ ပိုပိုသာသာအုပ်မိုးပေးကာ မောင်ကတော့ တစ်ကိုယ်လုံးစိုရွှဲလို့နေပြီ။ အဲ့လိုဆိုလို့
*မောင့်ကိုပြန်မိုးပေးမယ် သို့မဟုတ် မောင်လဲမိုးမစိုအောင်ကာလေ* ဟု သွားပြီးအထွန့်တက်မိလျှင် မောင့်ရဲ့ဂျစ်ကန်ကန်အကြည့်နဲ့ အပြော​တွေကို မိုးရွာထဲ မြင်ရကြားရဦးမှာပင်။

ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ပြေးကာသွားနေကြပေမယ့် မောင့်ရဲ့သဘောတကျရယ်သံလွင်လွင်လေးတွေကြောင့် မိုးနဲ့အပြိုင် ရင်ခုန်သံတွေဝုန်းဒိုင်းကြဲရသေးသည်။ တစ်ခါတစ်လေမောင်ကနားလည်ရခက်လွန်းတယ်။ CEOမောင့်အဖေက မောင့်ရဲ့၁၉နှစ်ပြည့်မွေးနေ့မှာတင် နောက်ဆုံးပေါ်ပြိုင်ကားတစ်စီးကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့သည်။

~ TRUST ME ~Where stories live. Discover now