trust me ~ 15.

980 142 24
                                    


Uni

" ဂန်ဒယ်ဂျွန်း...အဲ့ကလေးကို
ငါ့ဆီခေါ်လာခဲ့....''

Ti~~

ဟန်ဘင်းရဲ့ ဖုန်းချသံအဆုံးမှာ ရှိုက်ကြီး
တငင်ငိုကြွေးနေသူဟာလဲ အသံတို့ တိတ်ကျ
သွားသည်။ ဟန်ဘင်း ခါးထောက်ကာ မျက်ရည်တို့ အလုအယက် သုတ်နေသူအား
ကြည့်နေလိုက်သည်။ ဒီလောက် အလျော့ပေးထားတာကိုတောင် ဒီကလေးအတွက်နဲ့
သူ့အား ဒူးထောက်မတတ် တောင်းပန်နေသူအား တစ်ဆိတ်လေးမှ နားမလည်နိုင်ပေ။

" ငါ့သားလေးကို ကောင်းကောင်းခေါ်လာ
ခိုင်းပါ ဟန်ဘင်း ''

" မင်းမရှည်နဲ့ သူတို့မင်းရဲ့သားကို ဘာမှ
မလုပ်ဘူး ''

" ဟန်ဘင်း ''

" ပြော...''

" မင်းက အခုငါတို့ကို ဘယ်ခေါ်သွားမှာလဲ ''

" ဆိုးလ်ကို...''

" အပြီးခေါ်သွားမှာလား...''

" ဟုတ်တယ်...''

" ဘာလို့လဲ...? "

" ဘာကိုမေးတာလဲ...''

ဟန်ဘင်းထံ ခေါင်းလေးစောင်းငဲ့ကြည့်ကာ
မရေမရာ မေးခွန်းတစ်ခုကို မေးလာခဲ့သည်။

" မင်းကငါ့ကို စိတ်နာတယ်ဆိုပြီး ဘာကြောင့်
ငါနဲ့ ထပ်ပြီးလာ ပတ်သက်တာလဲ ဟန်ဘင်း
အဲ့အစား ငါ့ကိုတစ်သက်လုံးမေ့ပစ်လိုက်တာ
ပိုကောင်းတယ် မဟုတ်ဘူးလား။ မင်းပဲပြောခဲ့တယ်လေဟန်ဘင်း ငါတို့နှစ်ယောက်ရဲ့ အမှတ်တရတွေကို တစ်လွှာချင်း ဖြတ်ထုတ်ပစ်မယ်ဆို ခုကျ ဘာလို့လဲ ''

ဆိုဖာပေါ်မှာ ကျူံ့ကျူံ့လေးထိုင်ကာ မေးနေသူရဲ့စကားကို နားထောင်နေရင်းနဲ့တောင် အ
သက်ရှူတို့ ကျပ်လာရတယ်။ ဘာလို့လဲ..ဘာကြောင့်လဲ။ မင်းကိုသိပ် စိတ်နာလို့ဆိုတာက
ခိုင်မာတဲ့ အကြောင်းပြချက် တစ်ခုတော့ ဟုတ်မနေဘူး။ သို့ပေမယ့် သူအရမ်းကိုမှ ဟာအို့အပေါ် နာကြည်းမိတာကိုတော့ သူသိသည်။

ချစ်တာပေါ့...ဟာအို့ကိုသူသိပ်ချစ်တာပေါ့။ သူအရမ်းကိုချစ်လွန်းလို့လဲ ရှန်ချွမ်ရွေ့နဲ့ ကွာရှင်းမယ့်အချိန်ကို သူစောင့်နေခဲ့တာ။ အချိန်တန်ရင် ဟန်ဘင်းရင်ခွင်ထဲကိုပဲ သူ့ချစ်သူလေးက ပြန်ဝင်လာမယ်ဆိုတာ သိနေခဲ့တယ်။ အခါနှောင်းမှ ပြန်လာမယ့်သူလေးကို ပညာနည်းနည်းပြကာ ကျီစားမယ်လို့
ခပ်ပေါ့ပေါ့လဲ တွေးခဲ့မိတယ်။

~ TRUST ME ~Where stories live. Discover now