trust me ~ 17.

1.1K 147 69
                                    


Uni

ဟန်ဘင်းဘက်လှည့်ကာ စကားတွေ တပြောပြောနဲ့ ကလေးရဲ့ ကျောပြင်လေးကို ပုတ်ပြီး
သိပ်လိုက်တော့ ငါးမိနစ်လောက် နဲ့တင် နှစ်
နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေပြီ။ ထိုက​လေးရဲ့ အခန်းတံခါးအား သေချာ စေ့ပိတ်ထားခဲ့ကာ တစ်ဖက်ခန်းက သူလေးဆီ သွားရသည်။

ခုထိညစာ မစားရသေးတာကြောင့် ဗိုက်ဆာ
နေလောက်မှာပဲ။ မိုက်ခရိုဝေ့ ထဲနွှေးထားတဲ့
ဟင်းပွဲတစ်ချို့ကို ကော်ဗန်းလေးပေါ် တင်ကာ နှစ်ယောက်အတူအိပ်တဲ့ အခန်းဆီသို့
သော့ဖွင့်၍ဝင်သွားလိုက်သည်။

ကုတင်ရဲ့ ထောင့်စွန်းနားလေးမှာ ဒူးနှစ်ဖက်
ကိုလက်ကလေးနဲ့ ပိုက်ပြီး ကွေးကွေးလေး
ကပ်ထိုင်နေသူက ဝင်လာတဲ့ သူ့ကိုတောင်
အကြည့်မပေး။ ခေါင်းလေးကို အောက်သို့
ငုံ့ကာ ခပ်တွေတွေ နေနေသည်။ မျက်ခွံနုနု
လေးတွေကလဲ ငိုထားတဲ့အရှိန် ကြောင့် ဖောင်းအစ်နေတာ။ ဟန်ဘင်းရဲ့အပိုင်​လေးက ချစ်စရာကောင်းလိုက်ပုံများ။

ဟုတ်တယ် ကျန်းဟာအိုက ဆောင်းဟန်ဘင်း တစ်ယောက်ထဲရဲ့ အပိုင်ဖြစ်တယ်။ တစ်ကြိမ်တစ်ခါ ဆုံးရှုံးရမလိုဖြစ်ခဲ့ဖူးတာကြောင့် သူ့မှာ နောက်တစ်ကြိမ် ဆုံးရှုံးရမည့်အရေးကို
ကြောက်လန့်နေမိတာ မထူးဆန်းဘူး မဟုတ်
လား။ အဲ့လိုလုံးဝ ဖြစ်မလာတော့အောင် သူ
ဘယ်လိုနည်းလမ်းတွေကို သုံးရသုံးရ သူ့အနားကနေ သူ့ချစ်သူလေး ထွက်မသွားနိုင်အောင် ဆက်လုပ်နေမိမှာပင်။

တံခါးကို အတွင်းကနေ ဂျက်ချထားပြီးမှ
ကုတင်ပေါ်က သူအနားသို့ သွားကာ ညစာဗန်းလေးအား ဘေးကစားပွဲပေါ်တင်လိုက်သည်။ ဟန်ဘင်း သူ့အနား ကပ်ထိုင်လိုက်တာနဲ့ ကုတင်ထောင့်စွန်းသို့ ပိုလို့တိုးကပ်သွားသည်။

" ညစာ စားလိုက်အုံး...''

" .... ''

" ခေါင်းမာမနေဘဲ စားလိုက် ကျန်းဟာအို ''

" .... ''

မလှုပ်မယှက်နေနေသူက ဟန်ဘင်းရဲ့ ဒေါသ
ကိုလောင်စာထည့်နေသလိုပဲ။ အော်ဟစ်ကာ
ငိုကြွေးထားရတဲ့သူကို ထပ်ပြီး မငိုစေချင်တော့တာကြောင့် လေပြေအေးလေးသာ
တိုက်ခတ်ပေးနေပေမယ့် တစ်ချက်မှ အဖက်
လုပ်မလာတဲ့ သူကြောင့် ကျစ်ခနဲ စုပ်သတ်မိသည်။

~ TRUST ME ~Tahanan ng mga kuwento. Tumuklas ngayon