" ကျွန်တော်နဲ့ ယူဂျင်းလေးက တွဲနေပါပြီ
ဒေါ်လေး ''

တိတ်ဆိတ်မှုက ကြီးစိုးသွားတဲ့အခါ မေမေ့မျက်နှာအမူအရာက နားမလည်နိုင်စရာပင်။
တည်တံ့​နေတဲ့ မေမေ့ကိုကြည့်ပြီး ယူဂျင်းရှိန်လာလေသည်။ ရင်ထဲမှာလဲ မကောင်း။ မေမေစိတ်ဆိုးမှာကိုတွေးပြီး ငိုချင်သလိုဖြစ်လာသည်။ ခေါင်းလေးငုံ့ကာ တစ်​ယောက်ထဲတွေးပြီး ဝမ်းနည်းနေမိသည်။

" သားတို့ကဘယ်အရွယ်ရှိသေးလို့လဲ ''

" ကျွန်တော်က ၂၁နှစ်ရှိပြီး ယူဂျင်းလေးကလဲ ၁၉နှစ်ပြည့်ပြီးပါပြီ ဒေါ်လေး ပြောရရင်
ချစ်သူရည်းစားထားတာ အဆန်းမဟုတ်တဲ့ အရွယ်ပါ ''

ကိုကိုကတော့ လုံးဝကြောက်ရွံ့နေခြင်းမရှိ။
မေမေ့မျက်လုံးတွေကို စိုက်ကြည့်ကာ ပြောရဲသည်။ မေမေ့ရဲ့ သက်ပျင်းချသံက ကျော
ချမ်းစရာကောင်းသည်။ မေမေ မကြိုက်တာ
လုပ်ထားမိ၍လားမသိ အလိုလိုနေရင်းကို ကြောက်နေမိတယ်။

" ဒေါ်လေးက သားတို့ကို အိမ်နီးချင်းလဲဖြစ်၊
ကျောင်းလဲတူတော့ ကလေးချင်းခင်ပါစေဆိုပြီးလွှတ်ပေးထားတာလေ ခုလိုတွဲဖို့ကျ သိပ်အဆင်မပြေဘူးထင်တယ်...''

" အဆင်ပြေပါတယ်ဒေါ်လေး ကျွန်တော်က
ယူဂျင်းကို အများကြီးချစ်တာမို့ အဆင်ပြေပါတယ်...''

မေမေက မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
ကိုကို့ကို စူးစိုက်ကြည့်နေသည်မှာ ယူဂျင်းသာ ကိုကို့နေရာမှာဆို အငွေ့ပျံသွားမလားအောက်မေ့ရတယ်။

" ဂွန်းနုဂီက သားကို ဒေါ်လေးလောက်ချစ်နိုင်ပါ့မလား...ဒေါ်လေးတော့ မထင်ဘူးနော် ''

မေမေ့ရဲ့ အမေးမှာ ယူဂျင်းရဲ့လက်ကို ပို၍
တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

" ဒေါ်လေးထက် မလျော့သောအချစ်နဲ့ ချစ်ပါတယ်...မဆိုသလောက် နည်းနည်းလေး ပိုရင်လဲ ပိုပါတယ်ဗျ...ကျွန်တော်က ယူဂျင်းလေး
ချစ်သူဆိုတော့လဲ ၁၅၀၀အချစ်ပေါ့ဗျာ....''

" ကိုကို....''

မေမေ့ကို ပြောနေတဲ့စကားတွေက ယူဂျင်း
ကိုယ့်နားကိုယ်တောင် မယုံနိုင်ပါ။ ပတ်ဂွန်းနု
လူကြီးကို ဘာတွေပြောနေပါလိမ့်။ မေမေ့ရှေ့မှာ ချစ်စကားတွေ ကြားနေရတာမို့ ယူဂျင်းရှက်နေမိတယ်။ ဒါကိုသူက မျက်နှာပိုးမသေပဲ ယူဂျင်းဘက်လှည့်ကာ ပြုံးပြ​နေသေးသည်။

~ TRUST ME ~Where stories live. Discover now