971 - 975

165 9 0
                                    

တစ္ဆေဘုရင်နန်းတော်ရှိ အမွေအနှစ်ကို ရရှိရန်မှာ ရှေးဟောင်းနတ်ဆိုးကလန် တပည့်များ၏ သန့်စင်သော သွေးမျိုးဆက် စွမ်းအင် သည် အရေးကြီးဆုံး လိုအပ်သည့် အရာတစ်ခု ဖြစ်သည်။ သူတို့၏ သန့်စင်သောသွေးမျိုးဆက် စွမ်းအားသည်သာ အထဲရှိ အစီအရင် ကို အသက်သွင်း၍ နတ်ဆိုးဘုရင် ၏ နန်းတော်ကို ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

ရှောင်လုံ၏ နှုတ်ခမ်းများက ကွေးညွတ်သွားလေပြီး နတ်ဆိုးဆန်သော အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။

" ဒီကိစ္စကို ခင်ဗျား စိုးရိမ်နေစရာ မလိုဘူး "

ထိုသို့ပြောပြီးသည်နှင့် ရှောင်လုံ၏ ငရဲနတ်ဆိုး အန္တိမ နတ်ဘုရား ဦးခေါင်းဆီမှ စွမ်းအားသည် အသက်ဝင်လာပြီး မော့ယီရှီး ၏ သွေးအဆီအနှစ်နှင့် နတ်ဘုရား အင်အားတို့ကို သူ့၏ ခန္ဓာကိုယ် ထဲသို့ စုပ်ယူလိုက်လေသည်။

မော့ယီရှီး ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မူများ ပြည့်နှက်လာကာ သူ့၏ မျက်နှာက သေလုမတတ် ဖြူဖြော့သွားလေသည်။

သို့သော်လည်း ရှောင်လုံသည် မော့ယီရှီး ၏ သွေးအဆိီအနှစ်နှင့် နတ်ဘုရားအင်အားတို့ကို သာ ဝါးမြိုလိုက်ပြီး သူ့အား သတ်ဖြတ်လိုက်ခြင်း မရှိပေ။ သူက မော့ယီရှီး ကို အသက်ရှင်လျှက် ထားရန် လိုအပ်နေပေသေးသည်။

ရှောင်လုံသည် မော့ယီရှီး ၏ သွေးမျိုးဆက်စွမ်းအင် ကို အသုံးပြု၍ တစ္ဆေဘုရင်နန်းတော်ထဲရှိ အစီအရင်ကိုအသက်သွင်းကာ ဖွင့်လှစ်ချင်နေပေသည်။ အခြားသူများဆိုပါက ထိုသို့ လုပ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သို့သော် ရှောင်လုံကမူ သူ့၏ ကိုယ်ပိုင်နည်းလမ်းများ ရှိပေသည်။

မော့ယီရှီး ၏ နတ်ဘုရားအင်အားကို ကန့်သတ်လိုက်ပြီး ရှောင်လုံသည် သူ့ကို အဇူရာလက်စွပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

အဝေးတနေရာ၌ ဗုဒ္ဓဂိုဏ်းသခင်သည် အရာအားလုံး ကို ထိတ်လန့်ကြောက်ရွံနေသော စိတ်နှလုံးဖြင့် ကြည့်ရှုနေလေသည်။ သူက ရှောင်လုံ၏ အကြောင်းများကို ကောလဟာလအဖြစ် ကြားဖူးထားသော်လည်း ၄င်းတို့မှာ ကောလဟာလများအဖြစ် အမြဲတစေ ချဲ့ကားပြောဆိုတတ်ကြပေသည်။ ထို့ကြောင့် ရှောင်လုံက ကောလဟာလ များထဲက အတိုင်း ခွန်အားကြီးမားလိမ့်မည် မဟုတ်ဟု သူ ယုံကြည်ထားခဲ့သည်။ သို့သော် ယခု သူကိုယ်တိုင် မြင်လိုက်ရချိန်၌ ရှောင်လုံသည် ကောလဟာလများထဲကထက် အဆပေါင်းများစွာ ကြောက်မက်ဖွယ် ကောင်းကြောင်း နားလည်လိုက်ပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now