ကျိုးယုချန်၏ ခြေထောက်များက တုန်ရီလာပြီး ဒူးထောက်ကျသွားကာ တောင်းပန်လိုက်လေသည်။

"ဆ...ဆရာကြီး...အသက်ကို ချမ်းသာပေးပါ... ကျ...ကျွန်တော် မသိလို့..."

"ဘာကို မသိတာလဲ"

ရှောင်လုံ၏ မျက်လုံးများက အေးစက်သည့်အလင်းဖြင့် တောက်ပသွားသည်။

ကျိုးယုချန်၏ ပါးစပ်သည် ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေကာ သင့်တော်သည့် အဖြေစကားကို ရှာဖွေနိုင်ခြင်း မရှိသည်မို့ သူက ပိုမို ဆိုးဝါးစွာ တုန်ယင်လာပေသည်။

ရှောင်လုံ၏ မျက်လုံးများက အေးစက်မှုများဖြင့် မှေးကျဥ်းသွားလေသည်။

"မင်းလို ကျေးဇူးကန်းတဲ့ လူတွေကို ငါ အမုန်းဆုံးပဲ"

ရှောင်လုံသည် သူ့ကို တစ္ဆေသားရဲများ၏ ဆုတ်ဖြဲခံရမှုမှ ကယ်တင်ပေးခဲ့သည်။ သို့သော် ယခုမူ ကျိုးယုချန်သည် တွေဝေမှုပင်မရှိဘဲ သူ့၏ အကြင်နာတရားအား ကောက်ကျစ်ယုတ်မာစွာ တုန့်ပြန်ခဲ့သည်။

ထိုသို့ ပြောပြီးသည်နှင့် ရှောင်လုံ၏ ပကတိစိတ်ဝိညာဥ်လက်ချောင်းသည် လိပ်နက်နတ်မီးတောက် အလွှာတစ်ခု လွှမ်းခြုံ၍ ကျိုးယုချန်၏ နဖူးထဲသို့ ပြေးဝင်ထိုးဖောက် သွားလေသည်။ လိပ်နက်နတ်မီးတောက်က သူ့၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ပြီးနောက် ခန္ဓာကိုယ် တစ်လျှောက် ပျံ့နှံ့သွားသည်။ စက္ကန့်ပိုင်းအတွင်း ကျိုးယုချန်၏ အရိုးပြာပုံကြီးတစ်ခုသာ ကျန်ရစ်လေသည်။

သို့သော်လည်း ရှောင်လုံက ဝိညာဉ်နတ်ဆိုးဂိုဏ်းခေါင်းဆောင်နှင့် ဘိုးဘေးတို့ကို အရှင်ထားကာ သူတို့အား သူ့ထံ အညံ့ခံရန် ရွေးချယ်ခွင့်ပေးလိုက်သည်။

ရှောင်လုံ၏ ကြောက်မက်ဖွယ်ရာ ခွန်အားကို မျက်မြင်တွေ့လိုက်ကြရသောကြောင့် သူတို့နှစ်ယောက်လုံးသည် အညံ့ခံရန်ရွေးချယ်လိုက်ကြသည်။ ထိုရလဒ်ကြောင့် ရှောင်လုံက လုံးဝ အံ့အားသင့်မသွားပေ။

သူက ကပ်ဘေးအဆင့်ကိုး အနန္တကုသခြင်းကောင်းကင်ဘုံဆေးလုံးတစ်လုံးကို ဝိညာဥ်နတ်ဆိုးဂိုဏ်း၏ ဘိုးဘေးထံ ဒဏ်ရာများ ကုသရန် ပစ်ပေးလိုက်လေသည်။ ထို့နောက် ရှောင်လုံက သူတို့၏ စိတ်ဝိညာဉ်ပင်လယ်ထက်၌ တံဆိပ်ခတ်နှိပ်လိုက်သည်။ ထို့နောက် ရှောင်လုံက သူတို့အား မဟာအကြီးအကဲများနှင့် အကြီးအကဲများအားလုံးကို ခန်းမထဲသို့ ဆင့်ခေါ်ရန် စေခိုင်းလိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now