ကျန်းရှင်းချန် ၏ မျက်လုံးများသည် တောက်ပသွားလေပြီး ပြောလိုက်လေသည်။

"ဘယ်သူသိမှာလဲ...ဟောင်ရှောင်လုံက ဆေးမြစ်ထဲမှာ နှစ်လကြာအောင် နေပြီးတော့... ငါတို့ကို အံ့အားသင့် သွားအောင် လုပ်ပြနိုင်မှာလည်း ဖြစ်နိုင်တာပဲလေ"

" ဟီးဟီး... နှစ်လတဲ့လား..."

သူတို့နှစ်ယောက်၏ နားထဲသို့ လှောင်ပြောင်ထေ့ငေါ့သည့် အသံတစ်ခု ဝင်ရောက်လာပေသည်။

" မင်းတို့အားလုံးက ဟောင်ရှောင်လုံ ကို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်လို တကယ်ကြီးဆက်ဆံနေကြတာပဲ...မဟာနတ်ဘုရားအဆင့် ၁၀ နောက်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်တောင် ဆေးမြစ်ထဲမှာ ဒီလောက်ကြာအောင် နေနိုင်မှာမဟုတ်ဘူး...ပြီးတော့ ဒါက လူတစ်ယောက်ရဲ့ ပါရမီနဲ့ သက်ဆိုင်တယ်ဆိုရုံလောက်ပဲ"

သူတို့ရှေ့၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ထိုသူမှာ စန်းရီ ဖြစ်သည်။

ထို့နောက် လေထုကို ဖြတ်သန်းလာသော အသံများ ထပ်မံ ထွက်ပေါ်လာပေသည်။ ဝမ်ဂူပိယန် ၊ ယွဲ့ဝူရှန်းနှင့်အခြားသောအကြီးအကဲများသည် တချိန်တည်းလိုလို ရောက်ရှိလာကြပေသည်။

" ဟောင်ရှောင်လုံ က...ဆေးမြစ်ထဲကို အရင်ဆုံး ဝင်ရောက်ဖို့ ရွေးချယ်လိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး"

ထိုနေရာသို့ ရောက်ရှိလာသည်နှင့် ကျန်းပိ၏ လှောင်ပြောင်သော အသံများ ထွက်ပေါ်လာပေသည်။

" ကြည့်ရတာ...သူက အထွတ်အမြတ်ဆေးဘုရားကျောင်းရဲ့ စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်လိမ့်မယ် လို့...ယုံကြည်မှု မရှိဘူးထင်တယ်"

စန်းရီက လည်း ကျန်းပိ ကဲ့သို့ ပင် လှောင်ပြောင်လိုက်လေသည်။

" သူက သူ့ရဲ့ အကန့်အသတ်ကို သိသွားတာနေမှာပေါ့...သူက စမ်းသပ်စစ်ဆေးမှုကို မကျော်ဖြတ်နိုင်မှန်း သိသွားတော့ စိန်မခေါ်ရဲတော့ဘူးလေ...ဒါပေမဲ့ သူက ဆေးမြစ်ထဲမှာ ကျင့်ကြံအားထုတ်ပြီးသွားရင် စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ တကယ်ကြီး ထင်နေတာလား...ဘယ်လောက်တောင် နုံအလိုက်တဲ့ အတွေးအခေါ်လဲ"

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Место, где живут истории. Откройте их для себя