ကံမကောင်းစွာဖြင့် ချီစွမ်းအင်နဂါးများသည် ဆေးစွမ်းအင်မှ ဖြစ်တည်လာခြင်း ဖြစ်ပြီး အကောင်အထည် မရှိကြပေ။ ထိုသို့မဟုတ်ပါက သူသည် ကောင်းကင်ခွဲထုတ်ခြင်း နည်းစနစ် ကို ကျင့်ကြံကာ ၄င်းတို့၏ ခွန်အားကို စုပ်ယူ ၍ သူ့၏ ခွန်အားကို တိုးမြင့်နိုင်ပေလိမ့်မည်။

မကြာမှီ ရှောင်လုံ က ဆေးမြစ်ထဲသို့ ရောက်ရှိနေသည်မှာ တစ်နာရီ ကြာသွားပြီဖြစ်သည်။

အပြင်ဘက် ရှိ အဟန့်အတား နေရာတွင် ချန်းမန် နှင့် ကျန်းရှင်းချန် တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဆေးမြစ်တစ်ခုလုံးကို ရှောင်လုံ၏ငရဲနတ်ဆိုးအကာအကွယ်က ပိတ်ဆို့ထားသောကြောင့် သူတို့နှစ်ယောက် သည် အထဲ၌ ဖြစ်ပျက်နေသမျှကို မြင်နိုင်စွမ်း မရှိပေ။ သူတို့၏ နတ်ဘုရား အာရုံ သည်ပင် ပိတ်ဆို့ခံထားရပေသည်။

သူတို့နှစ်ယောက်လုံးက အမှောင်စွမ်းအင် အကာအကွယ်ကို ချီးကျုးလိုက်ကြပြီး အထဲရှိ ရှောင်လုံ၏ အခြေအနေ ကို ဆွေးနွေးလိုက်ကြသည်။

" ဟောင်ရှောင်လုံ က အထဲကို ရောက်နေတာ တစ်နာရီ တောင် ကြာသွားပြီ...သူ့ရဲ့ ပါရမီ နဲ့ ခွန်အား အရဆိုရင်...သူက အနည်းဆုံး ဆေးမြစ်ထဲမှာ တစ်လကြာအောင် နေနိုင်လိမ့်မယ်"

ချန်းမန် က အလေးအနက်ထားကာ တွက်ချက်ကြည့်လိုက်လေသည်။

ဆေးမြစ်ဖြစ်တည်လာသည့် အချိန်မှစကာ မည်သူကမှ ဆေးမြစ်ထဲ၌ တစ်လလုံးလုံး နေထိုင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ အတိအကျဆိုရသော် ဆေးမြစ်ထဲ၌ အကြာဆုံး ကျင့်ကြံအားထုတ်ခဲ့သူသည် ၂၂ ရက်သာ နေထိုင်နိုင်ခဲ့ပေသည်။

ဆေးမြစ်၏ ဆေးစွမ်းအင်သည် ပြင်းထန်လွန်းသောကြောင့် အလွယ်တကူ သန့်စင်စုပ်ယူရန် မဖြစ်နိုင်ပေ။ ဆေးမြစ်ထဲ၌ နေ့ရက်တိုင်းကို ကျော်ဖြတ်မည်ဆိုပါက လူတစ်ယောက်၏ အတွင်းခန္တာကိုယ်ကို ဖိအားများလာစေပေသည်။

လူတစ်ယောက်၏ အတွင်းခန္တာကိုယ်က အကန့်အသတ်သို့ ရောက်ရှိသွားပြီး ဆေးနဂါးများ၏ ဝန်းရံတိုက်ခိုက်ခြင်းကို တောင့်ခံနိုင်စွမ်း မရှိတော့သည့်အချိန်တွင် သူတို့သည် လက်လျှော့ကာ ဆေးမြစ်မှ ထွက်ခွာရပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Tempat cerita menjadi hidup. Temukan sekarang