မော့စုက ခေါင်းညိတ်ပြလိုက်ပြီး မော့တင်းထန်း၏ စကားများကို ဂရုတစိုက် နားထောင်လိုက်သည်။ ထို့နောက် သူ့၏ မျက်လုံးထဲတွင် စိတ်ရှုပ်လှသည့် အလင်းတစ်ချက်လက်သွားသည်။

" ကံကြမ္မာဂိုဏ်း က လီလူလား "

သူသည် ဝမ်ဂူယီ အကြောင်းကြားထားပြီဖြစ်သော်လည်း ကံကြမ္မာဂိုဏ်း ၏ လီလူကမူ မည်သူဖြစ်သနည်း။ ဤသည်မှာ ထိုနာမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

မော့စု၏ ဝေခွဲမရဖြစ်နေသော အမူအယာ ကို သတိထားမိသွားသောကြောင့် မော့တင်းထန်းက ရှင်းပြလိုက်လေသည် ။

" လီလူဆိုတာက ကံကြမ္မာဂိုဏ်း ရဲ့ ဘိုးဘေးကိုယ်တိုင် လွန်ခဲ့တဲ့ နှစ်နှရာက လက်ခံထားတဲ့ တပည့်ရင်းပဲ...သူမက ကံကြမ္မာဂိုဏ်းရဲ့ နယ်မြေထဲမှာ ကျင့်ကြံနေတာဆိုတော့...ကံကြမ္မာဂိုဏ်းရဲ့ ပြင်ပက လူတော်တော်များများ သူမရဲ့ တည်ရှိမှုကို မသိကြဘူး...ဒါပေမဲ့ ငါရထားတဲ့ သတင်းအတိုင်းဆိုရင်...လီလူက ဆေးဖော်စပ်ခြင်း ပါရမီ အရမ်းမြင့်မားပြီး... ဝမ်ဂူယီ ထက် မနိမ့်ကျဘူးတဲ့...ပြောရမယ်ဆိုရင် သူမက သူ့ထက်တောင် နှာတစ်ဖျားသာနေသေးတယ် "

" ဝမ်ဂူယီ ထက်တောင် ပါရမီ မြင့်မားတယ်တဲ့လား...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "

မော့စုက တုန်လှုပ်စွာ ရေရွတ်လိုက်လေသည်။

မော့တင်းထန်းက ဆက်ပြောလိုက်လေသည် ။

" ကံကြမ္မာဂိုဏ်း က ပုံကြီးချဲ့ပြီး ပြောနေတာ မဖြစ်နိုင်ဘူး... ဒီ သတင်းအရဆိုရင် လီလူရဲ့ ဆေးဖော်စပ်ခြင်းပါရမီက သေချာပေါက် မြင့်မားတယ်...ဒါပေမဲ့ သူမရဲ့ကျင့်ကြံမှုက သိပ်မမြင့်ဘဲ မဟာနတ်ဘုရားအဆင့် ၃နဲ့အဆင့်၄ကြားပဲရှိသေးတယ်...ဒါကြောင့်မို့လို့ သူမက မင်းကို သိပ်ပြီး ခြိမ်းခြောက်နိုင်စွမ်း ရှိမှာမဟုတ်ဘူး "

ဤသည်ကို ကြားလိုက်ချိန်တွင် မော့စုသည် အနည်းငယ် တည်ငြိမ်အေးဆေးသွားသည်။

" အဲ့ဒီ လီလူက တကယ့်ကို ဆွဲဆောင်မူရှိတဲ့ မိန်းမလှတစ်ယောက်ပဲ"

မော့တင်းထန်းကဆက်ပြောလိုက်လေသည် ။

" မင်း သူမနဲ့ တွေ့တဲ့အခါကြရင်...ပြသနာ မဖြစ်ပဲနဲ့ နီးစပ်အောင်ကြိုးစားခဲ့...ကံကြမ္မာဂိုဏ်းရဲ့ ဘိုးဘေးက သူမကို အရမ်းအလေးပေးတယ်လို့ငါကြားထားတယ်...ဒါကြောင့်မို့လို့ မင်းသူမကို သိမ်းသွင်းနိုင်ခဲ့မယ်ဆိုရင်...ငါတို့ ရှေးဟောင်းနတ်ဆိုးကလန် အတွက် အများကြီး အကျိုးပြုပေးတယ်လို့ သတ်မှတ်လို့ရတယ် "

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Onde histórias criam vida. Descubra agora