" မော့စု... မဟာဆေးပညာရှင် အစည်းအရုံး ရဲ့ မဟာပြိုင်ပွဲ က စတင်တော့မယ်...အသင့်ပြင်ထားလိုက်တော့...နောက် ရက်နည်းနည်းကြာရင် မင်းနဲ့အတူ မော့ကျန်းရု ကိုပါ နတ်ဘုရားဆေးကမ္ဘာဆီ ထည့်ပေးလိုက်မယ်"

မော့တင်းထန်းက ရုတ်တရက် ပြောလိုက်လေသည်။

မော့စု က သူ့၏ အတွေးများကို ထိန်းချုပ်ပြီးနောက် ရိုသေလေးစားမှုနှင့် ယုံကြည်မှုအပြည့်တို့ဖြင့်ပြောလိုက်လေသည်။

" ဟုက်ကဲ့ ခေါင်းဆောင်...ကျေးဇူးပြုပြီး စိတ်ချလက်ချ နေပါ...ကျွန်တော်က မဟာဆေးပညာရှင်မဟာပြိုင်ပွဲ ရဲ့ ဆေးနတ်ဘုရားလက်စွပ် ကို သေချာပေါက် ရအောင် ယူခဲ့ပါမယ်"

နတ်ဆေးလုံးများ၊ အဖိုးတန်ဆေးပင်များနှင့် ဆေးမြစ်ကို ဝင်ရောက်ကျင့်ကြံခွင့်တို့အပြင် ပထမဆုရရှိသူသည် ဆေးနတ်ဘုရားလက်စွပ် တစ်ကွင်းကိုလည်း ရရှိပေလေမည်။

ထိုလက်စွပ်ကို မဟာဆေးပညာရှင်အစည်းအရုံး စုစည်းထားသော မြောက်မြားလှသည့် တန်ဖိုးကြီး ပစ္စည်း များဖြင့် သွန်းလုပ်ထားပြီး အံ့အားသင့်ဖွယ်ရာ အသုံးဝင်ပုံ အမြောက်အမြား ရှိပေသည်။ ၄င်းကို ပိုင်ဆိုင်သည့်သူသည် အဆင့်အတန်း တစ်ခုနှင့် အထူးအကျိုးအမြတ်များကို ပိုင်ဆိုင်ရရှိပေလိမ့်မည်။

မော့တင်းထန်းက ခေါင်းညိမ့်လိုက်လေသည်။

" မင်းရဲ့ ကျင့်စဥ်နဲ့ ဆေးဖော်စပ်မှု ပါရမီက အရမ်းကိုမြင့်မားတယ်...ပြီးတော့ မင်းရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင်...ပထမနေရာကိုရဖို့က သိပ်မခက်ခဲနိုင်ဘူး...ဒါပေမဲ့ အဲ့ဒီ အချိန်ကျရင် ဝမ်ဂူကလန် ရဲ့ ဝမ်ဂူယီနဲ့ ကံကြမ္မာဂိုဏ်း ရဲ့ လီလူတို့ကို ဂရုစိုက်ရမယ်...အဲ့ဒီ နှစ်ယောက်ရဲ့ဆေးဖော်စပ်မှုပါရမီကလည်း မင်းထက်မနိမ့်ဘူး"

ဝမ်ဂူကလန် ၏ လူငယ်မျိုးဆက်ထဲတွင် အရည်အချင်းရှိဆုံး ပါရမီရှင် မှာ ဝမ်ဂူယန်ဟွေ့ဖြစ်သည်။ သို့သော် ဆေးဖော်စပ်ခြင်းပါရမီတွင် ဝမ်ဂူယီက နံပါတ်တစ် ပါရမီရှင်ဖြစ်သည်။

ထို့အပြင် ဝမ်ဂူယီသည် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြခဲ့ပေသည်။ သူ့၏ ကျင့်ကြံမှု က ဝမ်ဂူယန်ဟွေ့ထက်ပင် မြင့်မားလှပြီး မဟာနတ်ဘုရား အဆင့် ၈သို့ရောက်ရှိနေပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now