ခဏအကြာ၌ ကျိုးယောင် ၊ ကျင်းရှောင်စုနှင့် လူတုန်ဝေတို့သည် မျှော်စင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက် ပျောက်ကွယ်သွားကြသည်။

ကျိုးယောင် နှင့် အခြားသူများ ဝင်ရောက်သွားသည်ကို ကြည့်ရင်း ရှောင်လုံသည်လည်း ဝင်ရောက်ရန်ပြင်လိုက်သည်။ ထိုအချိန်၌ ငရဲမျှော်စင်၏ ဒုတိယထပ်သည် တောက်ပလာလေပြီး နံရံပေါ်ရှိ ရှေးဟောင်း သင်္ကေတများသည် တောက်ပလာပေသည်။

ရှောင်လုံက အံ့အားသင့်သွားလေသည်။

"သူက နတ်ဆိုးသားတော် မော့စုပဲ...ဒုတိယထပ်ကိုတောင် အချိန်တိုအတွင်း ရောက်သွားတယ်"

"အရမ်းမြန်တာပဲ...သူက မိနစ်နည်းနည်းလောက်ပဲ ဝင်ရသေးတာလေ...ပြောကြတာတော့...သူ့ရဲ့ ဘိုးဘေး နတ်ဆိုးဘုရင်ဆိုရင်...ပထမထပ်ကို ကျော်ဖြတ်ဖို့ မိနစ်နှစ်ဆယ်တောင် ကြာတယ်တဲ့...ဒါဆိုရင် မော့စုရဲ့ ပါရမီက သူ့ဘိုးဘေးထက်တောင် မြင့်မားနေတာ မဟုတ်ဘူးလား"

"အခြား ထိပ်တန်းပါရမီရှင်တွေဆိုရင်...ပထမထပ်မှာ နေရတဲ့ ပုံမှန်အချိန်က တစ်လပဲ...ဒါပေမယ့် မော့စုက ဆယ်မိနစ်လောက်ပဲ သုံးခဲ့တယ်...အံ့အားသင့်စရာပဲကွ"

လူအုပ်ကြီးသည် ခန့်မှန်းချက်များ၊ အံ့အားသင့်မှုများဖြင့် ဆူညံနေပေသည်။

မျှော်စင်ထဲသို့ မဝင်ရသေးသော ကျင့်ကြံသူများသည်လည်း တုန်လှုပ်သွားကြသည်။

ရှောင်လုံ၏ မျက်လုံးများက တောက်ပသွားသော်လည်း ဝင်ပေါက်ကို ဖြတ်သန်းသည့်အချိန်၌ သူသည် အမူအရာမဲ့စွာ ရှိနေလေသည်။ သူ့၏ လက်ဝါးထဲ၌ နတ်ဘုရားအင်အားက လှည့်ပတ်လာပြီး မျှော်စင်နံရံများပေါ်သို့ ထားလိုက်သည်နှင့် အားကောင်းလှသော စုပ်ယူအားတစ်ခုက ရှောင်လုံကို ငရဲမျှော်စင်ထဲသို့ ဆွဲခေါ်သွားလေသည်။

ရှောင်လုံ၏ ရှေ့ရှိ မြင်ကွင်းသည် ချက်ချင်း ပြောင်းလဲသွားပြီး ဘာမှမရှိသည့် နေရာလွတ်တစ်ခုသို့ ရောက်ရှိသွားသည်။ သူက ပတ်ပတ်လည်သို့ မကြည့်လိုက်နိုင်မီ သူ့၏ အထက်၌ အလင်းတစ်ချက် တောက်ပသွားပြီး နတ်ဆိုးဆယ်ယောက် အုပ်စုအဖြစ် ဖွဲ့စည်းလာသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now