ဟောင်ရှောင်လုံ သည် လူသားတစ်ယောက်ဖြစ်ပေသည်။

ဤသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ထို့ပြင် ဟောင်ရှောင်လုံ ၏ ခွန်အားက မည်သို့ ဖြင့် ဤမျှအထိ ကြောက်မက်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနိုင်လိမ့်မည်နည်း။

" မဖြစ်နိုင်ဘူး... ဒါက အိမ်မက်ပဲဖြ
စ်ရမယ်...ဒါကသေချာပေါက် အိမ်မက်ပဲ ဖြစ်ရမယ် "

ချင်ယီက သူ့ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်လေပြီး သူ့ကိုယ်သူ အယုံသွင်း ရေရွတ်ပြောဆိုနေလေသည်။

သူ့၏ လက်ထဲတွင်ဓားရှည်တစ်ချောင်းရုတ်တရက်ထွက်ပေါ်လာပြီး သူ့လက်မောင်းသူ ခုတ်ချလိုက်လေသည်။နီရဲတောက်ပနေသည့် သွေးစက်များက သူ့၏ လက်မောင်းဆီမှ စီးကျလာလေသည်။

ချင်ယီက သူ့၏ သွေးများကို အမူအရာမဲ့စွာ စိုက်ကြည့်နေလေသည်။

အဝေးတစ်နေရာ၌ လူအုပ်စုကြီး တစ်ခုသည် ဟောင်မိသားစုအိမ်တော်ရှိရာဆီသို့ ပျံသန်းလာနေလေသည်။ ထိုအုပ်စုသည် အခြားသူများ မဟုက်ပဲ ပေထန်းမိသားစု သိုင်းပညာရှင်များ ဖြစ်ပေသည်။

ပေထန်းမိသားစု ခေါင်းဆောင် ပေထန်းယိယန်က ပြောလိုက်လေသည်။

" ထူးဆန်းလိုက်တာ... ဘယ်လိုလုပ်ပြီး ဒီလောက်ထိတိတ်ဆိတ်နေရတာလဲ...ရဲ့လူမိသားစု နဲ့ အခြားသူတွေ ေရာက်မလာကြသေးတာများလား"

" ရဲ့လူမိသားစု က သိုင်းဝိညာဥ်ကမ္ဘာကို ရောက်ပြီးလောက်ပြီ... ဒါပေမဲ့ ဒီနေရာက အရမ်းတိတ်ဆိတ်နေတယ်...ကျုပ်အထင် သူတို့က ဟောင်ရှောင်လုံ နဲ့ ရင်ဆိုင်ပြီးသွားကြပြီထင်တယ်... ရဲ့လူချူဖေး ရဲ့ခွန်အားနဲ့သာဆိုရင်... ဟောင်ရှောင်လုံ ကိုသတ်ဖို့ဆိုတာက သိပ်ပြီး အားစိုက်စရာ မလိုဘူး "

ပေထန်းမိသားစု မဟာအကြီးအကဲ တစ်ယောက်က သူ့၏ ထင်မြင်ချက် ကိုပြောလိုက်လေသည်။

" ငါလည်း အဲ့လိုပဲ ထင်တယ်... ဟောင်မိသားစုအိမ်တော်မှာ သိုင်းပညာရှင် ရှိမှာ မဟုက်ဘူး... သူတို့ထဲက အသန်မာဆုံး လူကလည်း မဟာနတ်ဘုရား အဆင့်၄ ကျင့်စဥ်လောက်ပဲရှိတဲ့ လမင်းဆင်းသက်ခြင်းအဘိုးအိုပဲလေ"

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now