"ဟောင်ရှောင်လုံ...မင်း ငါတို့ကို အပြစ်မတင်ပါနဲ့...ရဲ့လူမိသားစုနဲ့ ပေ့ထန်းမိသားစုနှစ်ခုလုံးကို ဆန့်ကျင်ဖို့ မင်းကို ဘယ်သူ ပြောခဲ့လို့လဲ"

မဟာနတ်ဘုရားအဆင့် ၂ သိုင်းပညာရှင် နောက်တစ်ယောက် က သူတို့၏ အပြုအမူများကို ကာကွယ်ပြောဆိုလိုက်လေသည်။

နဂါးအင်ပါယာအောင်းတိုင်ရီ ၏ ဒေါသထွက်နေသော အမူအရာက ရှင်းရှင်းလင်းလင်း ပေါ်လွင်နေလေသည်။ သို့သော် သူက စကားပြောလာသည့်သူအား ပြစ်တင်ပြောဆိုရန် ပြင်လိုက်သော်လည်း ရှောင်လုံက ပြောလိုက်လေသည်။

"ကောင်းပြီလေ...ခင်ဗျားတို့ရဲ့ သွေးစာချုပ်ကို ကျုပ် ပယ်ဖျက်ပေးမယ်"

ရှောင်လုံ၏ စကားကြောင့် လူတိုင်း ကြောင်အသွားကြပြီး အထူးသဖြင့် ဘိုးဘေး တစ်ဒါဇင်ကျော် ဖြစ်ပေသည်။

သူတို့က ရှောင်လုံနှင့် သွေးစာချုပ် ချုပ်ဆိုထားပြီးသား ဖြစ်ပြီး ယခုမူ သူတို့ က သွေးစာချုပ်ကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြသည်။ ထိုကဲ့သို့သော အပြုအမူသည် သစ္စာဖောက်ခြင်းနှင့် ခြားနားမှုမရှိပေ။ ထို့ကြောင့် ရှောင်လုံ သဘောတူလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။

သို့သော် သူက သဘောတူခဲ့ပေသည်။ ရိုးရှင်းကာ တည့်တိုးဆန်လှသည်။

"မင်း...သွေးစာချုပ်ကို ပယ်ဖျက်ပေးဖို့ တကယ်သဘောတူတာလား"

မဟာနတ်ဘုရားအဆင့် ဘိုးဘေးများထဲမှ တစ်ယောက်က တုန်လှုပ်စွာ မေးမြန်းလိုက်သည်။ ရှောင်လုံ၌ အခြားသော မကောင်းသည့် အကြံအစည်များ ရှိနေသည်ဟုပင် သူက သံသယ ရှိနေလေသည်။ အကြောင်းမှာ သူတို့သည် ဟောင်မိသားစုအိမ်တော်၌ နေထိုင်စဥ်အတွင်း နတ်ဘုရားအဆင့်စိတ်ဝိညာဉ်ကျောက်တုံး အများစုကို အသုံးပြုပြီးသွားပြီ ဖြစ်သောကြောင့် ဖြစ်ပေသည်။ အမှန်အတိုင်းဆိုရလျှင် သူတို့သည် ဘာမှ မဟုတ်သည့် ကပ်ပါးရပ်ပါးများ ဟုပင် ဆိုနိုင်ပေသည်။

ယခုအခါ၌ ရှောင်လုံနှင့် ဟောင်မိသားစုတို့၏ လည်ပင်းပေါ်၌ ဓားတစ်လက် မိုးထားပြီ ဖြစ်ပြီး အရေးအကြီးဆုံးအချိန်တွင် သူတို့က သွေးစာချုပ်ကို ဖျက်သိမ်းပေးရန် လာရောက်တောင်းဆိုခဲ့ကြသည်။ ဤသည်က မည်သူ့ကိုမဆို ဒေါသထွက်သွားစေပေလိမ့်မည်။ သို့သော် ဟောင်ရှောင်လုံက တည်ငြိမ်လွန်းနေပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now