မည်သို့ပင် ဖြစ်ပါစေ...လမင်းဆင်းသက်ခြင်းအဘိုးအို သည် သူ့၏ ဆရာ ဖြစ်သည်။ သူက မတော်တဆ ဖြင့် အဘိုးအို အား ထိခိုက်စေခဲ့မည်ဆိုလျှင် ကောင်းမည်မဟုတ်ပေ။

သူ့၏ ငြင်းဆိုမှုကို ကြားလိုက်ရသည်နှင့် ရှောင်လုံ က ကြောက်ရွံ့နေသည်ဟု လမင်းဆင်းသက်ခြင်း အဘိုးအို ထင်သွားသည်။ အဘိုးအိုက သူ့၏ မျက်နှယ ကြင်နာသနားတတ်သည့် မျက်နှာ ဖြစ်အောင် အတင်းကာရော ကြိုးစားပြလိုက်ရသည်။

"မင်း ဘာကို ကြောက်နေတာတုန်း...မစိုးရိမ်ပညနဲ့ကွာ...မင်းဆရာ ငါက မင်းကို နာကျင်အောင် လုပ်လို့မရမှန်း သိပါတယ်ဟ...ဒီလိုဆိုရင်ရော ဘယ်လိုလဲ...ငါ ငါ့ရဲ့ခွန်အားကို ဆယ်ပုံတစ်ပုံ ပဲ သုံးမယ်လေ...မင်း အဆင်ပြေလား "

သူ့ခွန်အား၏ ဆယ်ပုံတစ်ပုံကိုသာ အသုံးပြုမည်တဲ့လား။ လမင်းဆင်းသက်ခြင်းအဘိုးအို ကို ကြည့်လိုက်သော ရှောင်လုံ၏ အမူအရာ သည် အနည်းငယ် ထူးဆန်းသွားပြီး ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်ရလေသည်။

"အဘိုး...တကယ် သေချာလား"

လမင်းဆင်းသက်ခြင်း အဘိုးအိုက သူ့ရင်ဘတ်သူ ပုတ်ပြီး ယုံကြည့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"မင်းဆရာ ကို ဘယ်သူများ မှတ်နေတာလဲ...ငါက ဒဏ္ဍာရီလာ လမင်းဆင်းသက်ခြင်းအဘိုးအို ပဲလေ...ငါ့ရဲ့ ဂုဏ်သတင်းအရဆိုရင်...ငါ့တပည့်ကို ငါက လိမ်နေစရာလား"

ထို့နောက် အဘိုးအို၏ မျက်နှာက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

"ဒီအဘိုးကြီး အကြောမလျှော့ရတာ တော်တော့်ကိုကြာနေပြီ...သေလောက်အောင် တောင့်တင်းနေတာပဲ...ဒီတစ်ခေါက်တော့ ငါ ပျော်ပျော်ကြီး တိုက်ခိုက်ပစ်ရမယ်...ကောင်းစုတ်လေး...လျှိုထားမနေနဲ့...ရှိသမျှ ခွန်အား အကုန်ထုတ်သုံး...မဟုတ်ရင် ငါ မင်းကို ရိုက်ပစ်မယ်"

နဂါးအင်ပါယာအောင်းတိုင်ရီ ၊ နဂါးစိမ်းသားရဲဘုရင်နှင့် ဘိုးဘေးဘီဖန်း တို့သည် မဟာနတ်ဘုရားအဆင့် ၃ သိုင်းပညာရှင်များ ဖြစ်ပြီး အားမနည်းကြသော်လည်း လမင်းဆင်းသက်ခြင်းအဘိုးအို၏ မျက်လုံးထဲ၌မူ အားနည်းနေဆဲ ဖြစ်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now