ထိုဝါးပင်သည် လူကြီးတစ်ယောက်၏ လက်မောင်းလုံးလောက်ထူပြီး ဝါးပင်တစ်ပင်လုံးသည် ခရမ်းရောင် ဖြစ်နေပေသည်။ ထိုဝါးပင်၏ ပတ်ပတ်လယ်တွင် ခရမ်းနက်ရောင် လျှပ်စီး စွမ်းအင်လုံးလေးများ လှည့်ပတ်နေပေသည်။ ထိုလျှပ်စီး စွမ်းအင်လုံးလေးများသည် အခြားသော လျှပ်စီး စွမ်းအင်များနှင့် ကွဲပြား ခြားနားကာ အသက်ဝင်နေပြီး အလွန်တရာ သန့်စင်နေပေသည်။ ထို လျှပ်စီး အလင်းလုံးများထဲ၌ တစ်စုံ တစ်ခု တည်ရှိနေသည်နှင့် တူပေသည်။

ရှောင်လုံ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်ရောက်လာပြီးနောက် သူက အံ့အားသင့်စွာ ရေရွတ်လိုက်မိပေသည်။

" ဒါက ခရမ်းရောင် လျှပ်စီး နတ်ဝါးပင် မဟုတ်လား "

ရှောင်လုံ နတ်မီးတောက် ၄ မျိုးကို ရှာဖွေခဲ့စဥ်က သူသည် ဟင်္သါ ပြဒါးငှက် တက္ကသိုလ် ၏ စာကြည့်တိုက်ထဲ၌ ထို ခရမ်းရောင် လျှပ်စီး နတ်ဝါးပင် အကြောင်းမှတ်တမ်းတင်ထားသော စာအုပ်တစ်အုပ်အား ဖတ်ရှုခဲ့ရပေသည်။

ထို ဝါးပင်သည် သဘာဝ လျှပ်စီး စွမ်းအင် များစွာကို စုပ်ယူပြီး နှစ်တစ်သန်းအကြာမှ တစ်မီတာသာ ကြီးထွားလာတတ်ပေသည်။ သူ့ရှေ့ရှိ ဝါးပင်မှာမူ ၃ မီတာ ကျော် ရှိနေသောကြောင့် ထိုဝါးပင်သည် အနည်းဆုံး နှစ် ၃ သန်းသက်တမ်း ရှိရပေမည်။

ဤသည်ကို စဥ်းစားမိရင်း ရှောင်လုံသည် သူ့၏ တွေ့ရှိမှု ကြောင့် ပျော်ရွှင်ဝမ်းမြောက်သွားလေသည်။

ခရမ်းရောင် လျှပ်စီး နတ်ဝါးပင်သည် အလွန်တရာ ကြံ့ခိုင်သန်မာသော ပစ္စည်း တစ်မျိုးဖြစ်ပြီးနတ်ဘုရား လက်နက်များကို သန့်စင်ရာတွင် အကောင်းဆုံး ဖြစ်ပေသည်။

သူ့ဆရာက သူ့ကို ပေးအပ်ခဲ့သည့် ပိုးစာပင်ဓားသည် ကောင်းမွန်လှသော်လည်း လက်ရှိ ရှောင်လုံ အတွက်မူ ထိုဓားသည် မလုံ လောက်တော့ပေ။ သူက သိုင်းဝိညာဥ်ကမ္ဘာသို့ ပြန်ရောက်ချိန်တွင် ပိုးစာပင် ဓားနှင့် ကျန်သည့် လက်နက်များကို ပြန်လည် သွန်းလုပ်ရန် စီစဥ်စားခဲ့ပြီးဖြစ်သည်။

ယခုအခါတွင် ထို ခရမ်းရောင် လျှပ်စီး နတ်ဝါးပင်ကို ပေါင်းထည့်လိုက်သည်နှင့် ပိုးစာပင်ဓား၏ စွမ်းအားသည် အလွန်တရာ အံ့အားသင့်ဖွယ် အဆင့်ထိ တိုးတက်သွားပေလိမ့်မည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now