ရှောင်လုံသည် ချိုင့်ဝှမ်း ဆီမှ စတင် ထွက်ခွာလာစဥ်က မဟာနတ်ဘုရား အဆင့်သို့ တက်ရောက်ပြီးရုံသာ ရှိသေးပြီး သူ့၏ အဆင့်သည် ၉၆၉ ထိ ကျဆင်း နေခဲ့ပေသည်။ ယခု အခါတွင် သူက တစ်ရက်မျှ အကြာ၌ ထိပ်ဆုံး ၇၀၀ အတွင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။

တစ်နေ့တာ အချိန်အတွင်း အဆင့်ပေါင်း ၃၀၀ ကျော်နီးပါး ရောက်ရှိသွားခြင်း ဖြစ်သည်။

ရှောင်လုံက သူ့၏ နတ်ဘုရား အာရုံကို ကျောက်စိမ်းတံတိပ်ပြားဆီမှ ရုတ်သိမ်းလိုက်ကာ တွေးတောလိုက်လေသည်။

'ဝင်ပေါက်ကို စောင့်ကြပ် နေတဲ့ အဖွဲ့ထဲမှာ ရဲ့လူမိသားစု တပည့်တစ်ယောက်လည်း ပါဝင်နေတယ် ဆိုတော့... ရဲ့လူထန်းဖန်ကလည်း လျှပ်စီးနတ်ဘုရားလေဟာနယ် ကမ္ဘာ ထဲကို ဝင်ရောက်သွားတာ ဖြစ်ရမယ်'

သို့သော်လည်း ယခုအချိန်၌ အရေးကြီးဆုံးကိစ္စမှာ ဤနေရာကို ထိန်းချုပ်နိုင်စွမ်းရှိသည့် ဗဟို အစီအရင်အား ရှာဖွေရန် ဖြစ်ကာ ရဲ့လူထန်းဖန်ကို ရှာဖွေရန်ကမူ ဒုတိယ ဦးစားပေးသာဖြစ်ပေသည်။

ရှောင်လုံက ရှေ့သို့ တက်လက်ပျံသန်းနေရင်း ရုတ်တရက် ရပ်တန့်လိုက်လေသည်။ ရုတ်တရက်ဆိုသလို သူက ကျယ်ပြောလှသော လျှိုမြောင် နှင့်တူသော ချိုင့်ဝှမ်းတစ်ခု၏ အထက်၌ ပေါ်ထွက်လာပေသည်။

တောင်ထိပ်နှစ်ခုကြားရှိ လျှိုမြောင်သည် မြင်ကွင်းဆီမှ ပုန်းကွယ်နေပေသည်။ အကြောင်းမှာ ၄င်း ချိုင့်ဝှမ်းသည် အလွန်တရာ သေးငယ် ကျဥ်းမြောင်းလှပြီး သတိထားမိရန် မလွယ်ကူသောကြောင့် ဖြစ်ပေသည်။

ရှောင်လုံ ကမူ ထိုနေရာဆီမှ ထွက်ပေါ်လာသော ထူးဆန်းလှသည့် စွမ်းအင် ဖြာထွက်မှု လှိုင်းကြောင့် ထို လျှို မြောင်ကိုရှာတွေ့သွားခြင်း ဖြစ်ပေသည်။

အောက်သို့ ပျံသန်း လိုက်သည်နှင့် လျှိုမြောင်ထဲရှိ အရာ အားလုံးသည် သူ့၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာပေသည်။ ထို့နောက် တောင်တန်း၏ နံရံဆီမှ ပေါက်ရောက်နေသော ၃မီတာ မြင့်မားသည့် ဝါးပင် တစ်ပင်သည် သူ့၏ စိတ်အာရုံကို ဆွဲဆောင် သွားလေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1On viuen les histories. Descobreix ara