တောင်ပံ နှစ်ဖက် စပါးအုံးမြွေကို အလျှင်အမြန် အဆုံးသတ် ပစ်ချင်သောကြောင့် ရှောင်လုံ၏ မဟာ ဟင်းလင်းပြင် နတ်ဘုရား လက်သီး များထဲတွင် လိပ်နက် နတ်မီးတောက် အလွှာ  တစ်ခု ဖုံးလွှမ်း ထားခဲ့ပေသည်။

အနက်ရောင် လိပ်နက် နတ်မီးတောက်သည် တောင်ပံ နှစ်ဖက် စပါးအုံးမြွေ၏ ခန္ဓာကိုယ် ထဲကို ထိုးဖောက်ဝင်ရောက်သွားကာ အသက်ဓာတ်ကို ဝါးမြို ပစ်လိုက်လေသည်။

ရှောင်လုံက တစ်စက္ကန့်မျှပင် နှောင့်နှေး သွားခြင်း မရှိဘဲ ရှေ့သို့ ဆက်လက်ပျံသန်း သွားလိုက်သည်။ ချိုင့်ဝှမ်း ထဲသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ သူတွေ့ရသည့် လျှပ်စီး သားရဲများ၏ ခွန်အားသည်လည်း ပိုမို မြင့်မားလာလေလေ ဖြစ်သည်။ ထို သားရဲ များထဲရှိ အသန်မာဆုံးမှာ မဟာ နတ်ဘုရား အဆင့် ၃ အလယ်အဆင့် ဖြစ်ပေသည်။

ပုံမှန်အားဖြင့် ရှောင်လုံသည် မဟာနတ်ဘုရား အဆင့်၃ အစော ပိုင်းအဆင့်အောက် လျှပ်စီးသားရဲများကို အလွယ်တကူ ရင်ဆိုင်နိုင်ပေသည်။ မဟာ နတ်ဘုရား အဆင့် ၃ နှင့် အထက် လျှပ်စီး သားရဲများကိုမူ သူသည် ပျံသန်းနှုန်းအား မြှင့်တင်လိုက်ကာ မျက်ချေဖြတ်ခဲ့ရပေသည်။

မဟာနတ်ဘုရားအဆင့် ၃ အလယ်အလတ်အထွတ်အထိပ်အဆင့် လျှပ်စီး သားရဲ တစ်ကောင်ကို တိုက်ခိုက်ရမည် ဆိုလျှင် သူသည် ကောင်းကင်ဘုံ တောင်တန်းကို အသုံးပြု၍ ထိုသားရဲများအား အလွယ်တကူ ရင်ဆိုင်နိုင်ပေသည်။ သို့သော် ယခု အချိန်၌ အရေးကြီးဆုံး ကိစ္စမှာကား ရှန်းမင်ကျီ ကို ရှာဖွေရန် ဖြစ်ပေသည်။

သို့သော်လည်း တစ်နာရီကြာသည့်တိုင်အောင် ရှန်းမင်ကျီ ၏ တည်ရှိမှုကို အာရုံ ခံနိုင်ခြင်း မရှိသေးသောကြောင့် ရှောင်လုံသည် မျက်မှောင် ကြုတ်လိုက်မိလေသည်။

ထို့အပြင် ချိုင့်ဝှမ်းသည် သူမျှော်လင့်ထားသည် ထက် ပိုမို နက်ရှိုင်းလှပြီး အဆုံးမရှိသည့် နှယ် ဖြစ်နေပေသည်။ သူ့၏ ဓားပေါ်၌ ပျံသန်းခဲ့သည့် အမြန်နှုန်းအရဆိုလျှင် သူသည် သိုင်းဝိညာဥ် ကမ္ဘာ တစ်ခုလုံးကိုပင် တစ်ပတ် ပတ်ပြီး နေလောက်ပြီးဖြစ်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now