သို့သော်လည်း ရှောင်လုံက ပိုမို မြန်ဆန်နေပေသည်။

သူက ဖျက်ခနဲ ပျောက်ကွယ်သွားပြီး တောင်ပံနှစ်ဖက် စပါးအုံး မြွေ ၏ အထက် လေထု ထဲတွင် ပေါ်ထွက် လာပေသည်။ အနက်ရောင် လှံရှည် တစ်ခုက သူ့၏ လက်ထဲတွင် ပေါ်ထွက် လာပြီး တောင်ပံ နှစ်ဖက် စပါးအုံးမြွေ ၏ ဦး ခေါင်းထဲသို့ ထိုးစိုက်လိုက်လေသည်။

ဖျော့တော့သည့် အပြာရောင် သွေးများသည် လေထဲ၌ ပန်းထွက် လာလေပြီး ကြီးမားလှသည့် တောင်ပံ နှစ်ဖက် စပါးအုံးမြွေကြီးသည် သွေးပျက်ဖွယ် အော်ဟစ်လိုက်လေသည်။

တောင်ပံ နှစ်ဖက် စပါးအုံးးမြွေ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ရှောင်လုံကို အံ့အား သင့်သွားစေသည်။ သူ့၏ လှံရှည်ကို ထိုးသွင်း လိုက်သည့် အချိန်က တောင်ပံ နှစ်ဖက် စပါးအုံးမြွေ၏ အရေပြားသည် အလွန်အမင်း ကြုံနိုင်ဆန့်နိုင်စွမ်းနှင့် ချော်ထွက်တတ်သည့် ဂုဏ်သတ္တိရှိကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် အစောပိုင်းက ၎င်း၏ ဦးခေါင်းကို ရည်ရွယ်သော တိုက်ခိုက်မှုသည် ၎င်း၏အရေပြားထဲသို့ လက်မအနည်းငယ်မျှသာ ထိုးဖောက်နိုင်စွမ်း ရှိခဲ့ပေသည်။

ရှောင်လုံကြောင့် ဒဏ်ရာ ရရှိ သွားပြီး နောက်တွင် တောင်ပံ နှစ်ဖက် စပါးအုံးမြွေ၏ တိုက်ခိုက်မှု များသည် နာကျင်မှုကြောင့် ပိုမို ရက်စက်ကြမ်းကြုတ်လာပေသည်။

ဤသည်ကို ကြည့်ရင်း ရှောင်လုံက ၄ င်း၏ တိုက်ခိုက်မှုကို ရှောင်ရှားခြင်း မရှိတော့ပေ။ သူ့၏ နောက်ကျော ဆီမှ လက်တစ်ထောင် ဖြာထွက်လာပြီး မဟာဟင်းလင်းပြင် နတ်ဘုရား လက်သီး တစ်ထောင်ဖြင့် ထိုးနှက်လိုက်လေသည်။

တစ်ခဏအတွင်း လက်သီးရာ များသည် ကောင်းကင် ထက်၌ ပြည့်နှက်သွားပေသည်။

တောင်ပံ နှစ်ဖက် စပါးအုံးမြွေ သည် ပိုမို မြန်ဆန်သည့် အရှိန်နှုန်းဖြင့် လွင့်စင်သွားပြီး မိုင်ပေါင်းများစွာ အဝေးဆီမှ ကျောက်ဆောင် တစ်ခုကို ဝင်တိုက်မိသွားသည်။ ၄ င်း၏ လောင်ကျွမ်းသွားသော ခန္ဓာကိုယ် သည် ကျောက်ဆောင်ပေါ်မှ မြေပြင်ဆီသို့ ပြုတ်ကျသွားလေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now