ထို့ကြောင့် ချင်ယီ နှင့် မိုးပြာရောင် နဂါးတက္ကသိုလ် မှ လူများ အဆင့် စာရင်း၏ အောက်ခြေသို့ ကြည့်လိုက်ချိန်တွင် ယွမ်ကျီး ဆိုသည့် နာမည်ကိုသာ တွေ့လိုက်ရပေသည်။

"ဘာ ဟောင်ရှောင်လုံလဲ"

စန့်ချူက အော်ဟစ်လိုက်သည်။

"ယွမ်ကျီး ဆိုတဲ့နာမည်ကို ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြထားတာပဲ....သောက်ရေးမပါတာတွေ မပြောစမ်းနဲ့...မင်းက အဆင့်ဇယားကို အကြာကြီး စိုက်ကြည့်လွန်းသွားလို့... မင်းမျက်လုံးတွေ မှုန်ဝါးပြီး လျှောက်မြင်နေတာပဲ ဖြစ်လိမ့်မယ်"

ထိုမိုးပြာရောင်နဂါး တက္ကသိုလ် ၏ မဟာအကြီးအကဲက သူ့၏ မျက်လုံးများကို ထပ်မံ ပွတ်သက်ကြည့်လိုက်လေသည်။ အဆင့် စာရင်းပေါ်တွင် ယွမ်ကျီး ဆိုသည်နာမည် အမှန်တကယ် ရှိနေကြောင်း တွေ့လိုက်ရချိန်တွင် သူသည် ဆွံ့အသွားလေသည်။ သူသည် သူ့ကိုယ်သူ မည်သို့ အဖက်ဆယ် ပြောဆိုရမည်အား မသိရှိတော့ပေ။

"ဟုတ်တယ်...မဟာအကြီးအကဲချန်... ခင်ဗျားအမြင်မှားတာပဲ ဖြစ်လိမ့်မယ်...ဟောင်ရှောင်လုံ အသက်ရှင်နေသေးတယ်ဆိုရင်တောင်... သူ့ရဲ့ ဘာမဟုတ်တဲ့ ခွန်အားလောက်နဲ့ ထိပ်ဆုံး ၃၀၀၀ ထဲကို ဘယ်လို လုပ်ပြီး ရောက်လာနိုင်မှာတဲ့လဲ "

အခြား မိုးပြာရောင်နဂါး တက္ကသိုလ် မဟာအကြီးအကဲတစ်ယောက်က ဝင်ရောက် ထောက်ခံလိုက်လေသည်။

မဟာအကြီးအကဲချန်၏ ပါးစပ်သည် ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေသော်လည်း မည်သည့်စကားမှ ထွက်ပေါ်မလာခဲ့ပေ။ သူက အဆင့်ဇယား၏ အောက်ခြေကို နောက်တစ်ကြိမ် ကြည့်လိုက်မိသော်လည်း ထိုနေရာရှိ နာမည်သည် ယွမ်ကျီး ဖြစ်နေဆဲဖြစ်သည်။

သူသည် အမှန်တကယ် မှားယွင်း မြင်လိုက်မိခြင်း ဖြစ်သည်လား ။ ဤသည်က အမြင်မှားခြင်း ဖြစ်သည်လား။

ကျန်သည့်သူများသည် သူ့ကို လျစ်လျူရှုကာ တစ်ဖက်သို့ လှည့်သွားကြလေပြီး ထိပ်ဆုံး အယောက်တစ်ရာ အတွင်းရှိ ရှန်းမင်ကျီ ၏ လှုပ်ရှားမှုများကို ပြန်လည် အာရုံစိုက်လိုက်ကြလေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Kde žijí příběhy. Začni objevovat