ထိုအချိန်တွင် ပတ်ပတ်လည်ရှိ စားသုံးသူများသည် စတင် တီးတိုးပြောဆိုလာကြလေသည်။

"မင်းအမေပဲ...ငါ့ကိုသာ အဲ့ဒီ ထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးတွေပေးမယ်ဆိုရင် ...ဒီ တည်းခိုခန်းကနေထွက်သွားဖို့ကို အသာထား ...ကျားဖြူမြို့တော်ကနေတောင် ငါထွက်သွားပေးလိုက်မယ်"

"ချီးပဲ...ငါဆိုရင် မိုးကောင်းကင်နတ်ဘုရား ကုန်းမြေကြီးကနေတောင် ထွက်သွားဖို့ ဆန္ဒရှိတယ်"

ထိုသူများသည် ရဲ့လူထျန်းဟော်ကို မနာလိုအားကျစွာဖြင့် ကြည့်နေကြလေသည်။

အချို့ဆိုလျှင် ရဲ့လူထျန်းဟော်ကို လက်ညိုးထိုးကာ အော်ဟစ်နေကြပေသည်။

"ကောင်စုတ်လေး... မင်းနေရာမှာ ငါသာဆိုရင် ...အဲ့ဒီထိပ်တန်းနတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး တွေကို ကောက်ပြီး ဒီနေရာကနေ အသက်တစ်ရှိုက်အတွင်း ထွက်သွားပြီးနေလောက်ပြီ...မင်းကဒီလောက်နဲ့တောင်  မကျေနပ်သေးဘူးလား "

"သူပြောတာဟုတ်တယ် ...မြန်မြန်ထွက်သွားလိုက်တော့... မင်းရဲ့ ၀က်ဝံလိုမျက်နှာနဲ့များ အဲ့ဒီ အစ်ကိုရဲ့ မိန်းကလေးကို လုယူချင်နေသေးတာလား"

အချို့လူများက သူ့ကို စတင်လှောင်ပြောင်လိုက်ကြသည်။သူတို့ထဲမှ အများစုသည် ရဲ့လူထျန်းဟော်က စကြာ၀ဠာ အရှင်သခင်ကြယ်စင်စု မှ လာကြောင်း ပြောသည်ကို ကြားလိုက်ကြရသည်။

အပြင်လူတစ်ယောက်က ကြယ်စင်စုလေးစု၏ ပိုင်နက်ထဲတွင် စိတ်ကြီး၀င်စွာပြုမူရဲ နေပေသည်။

သူ့အားလှောင်ပြောင်သံများကို ကြားလိုက်ရချိန်တွင် ရဲ့လူထျန်းဟော်၏ ဒေါသသည့် ပေါက်ကွဲထွက်သွားလေသည်။ သူက ပတ်ပတ်လည်သို့ လှည့်ကာ ဟိန်းဟောက်လိုက်သည်။

"သတ်...အဲ့ဒီ အမှိုက်ကောင်တွေအားလုံးကို သတ်စမ်း "

သူ့၏ အမိန့်ကို ကြားသည်နှင့် ပိန်ခြောက်ခြောက်အဘိုးအိုနှစ်ယောက်သည် သူတို့၏ အော်ရာ များကို ထုတ်လွှတ်လိုက်လေသည်။

အားကောင်းလှသော နတ်ဘုရား ဆန္ဒက မြေပြင်ကို တုန်လှုပ်သွားစေသည်။ တည်းခိုခန်းအထက်ရှိကောင်းကင်သည် မှောင်မိုက်လာပြီး လေပြင်းများ တိုက်ခတ်လာပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now