ခဏကြာပြီးနောက် ရှောင်လုံသည် သေခြင်းနတ်ဘုရားရေကန်၏ မျက်နှာပြင်ကို ချိုးဖောက်ကာ လေထဲ၌ လှည့်လည်ပျံသန်းလိုက်လေသည်။

သေမင်းနတ်ဘုရားရေကန် ပတ်ပတ်လည်ရှိ မီးခိုးရောင် မိစ္ဆာချီ သည် လွင့်ပါးပျောက်ကွယ်သွားသည်။ မြင့်မားလှသော သစ်ပင်အိုကြီးများနှင့် အပင်များသည် ဖျက်စီးခံလိုက်ရပြီး ကြီးမားလှ သော အက်ကွဲကြောင်းကြီးများသည် အကွေ့အကောက်များဖြင့် မြေပြင်ပေါ်၌ ထွက်ပေါ်နေကြသည်။

အကြည့််တစ်ချက်နှင့်ပင် ပတ်ဝန်းကျင်၏ ပျက်စီးမှုများသည် သူနှင့် စိတ်ဝိညာဉ် တစ်ရာသားရဲဘုရင်၏ ဦးခေါင်းတို့၏ တိုက်ပွဲဆီမှ ထွက်ပေါ်လာသော တုန်လှုပ်မှုလှိူင်းလုံးများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ရှောင်လုံသိပေသည်။

ရှောင်လုံက သူ့၏ ဦးတည်ရာနေရာကိုသတ်မှတ်လိုက်ပြီးနောက် သားရဲတောင်တန်း၏ အပြင်ဘက်ဆီသို့ ဦးတည်ပျံသန်းလိုက်လေသည်။ခဏကြာပြီးနောက် သူက တောက်တန်း၏ အပြင်ဘက်ဆီသို့ရောက်ရှိသွားပြီး ပန်းပင်လယ် ကမ္ဘာ၏ ကူးပြောင်းခြင်း အစီအရင် ရှိရာဆီသို့ ဦးတည်ပျံသန်းလိုက်လေသည်။

ရှောင်လုံ၏ လက်ရှိ အမြန်နှုန်းသည် ဓားပေါ်၌ ပျံသန်းခြင်း မဟုတ်လျှင်ပင် မည်သည့် မဟာနတ်ဘုရားအဆင့် ၁ နောက်ပိုင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်ထက်မဆို သူ့၏ ပုံရိပ်သည် လေထဲရှိ အလင်းတန်းတစ်ခုအသွင်ဖြစ်နေပေသည်။ မဟာနတ်ဘုရားအဆင့်၁နောက်ပိုင်း အဆင့် သိုင်းပညာရှင်သည်ပင် မှုန်ဝါးဝါးပုံရိပ်၏ အမြီးကိုမျှပင် ဖမ်းဆီးနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

၁၅မိနစ်ကြာပြီးနောက် ရှောင်လုံသည် မြို့တော်ဝင်ပေါက်တစ်ခုရှေ့တွင် ဆင်းသက်လိုက်ပေသည် ။ ဤသည်မှာ ပန်းပင်လယ်ကမ္ဘာ၏ အကြီးမားဆုံး မြို့တော်ဖြစ်သည့် ပန်းပင်လယ်မြို့တော်ဖြစ်သည်။ ပန်းပင်လယ်ကမ္ဘာ၏ ကူးပြောင်းခြင်း အစီအရင်သည် ထိုမြို့တော်ထဲ၌ တည်ရှိနေပေသည်။

ပန်းပင်လယ်မြို့တော်ထဲသို့ ဝင်ရောက်လိုက်ပြီးနောက်ရှောင်လုံသည် ကူးပြောင်းခြင်း အစီအရင် သို့ သွားရာလမ်းတွင် စားသောက် ဆိုင်တစ်ခုကို တွေ့လိုက်ရသည်။ ရုတ်တရက် ဖြစ်ပေါ်လာသော ဆန္ဒ ကြောင့် သူသည် စားသောက်ဆိုင်ထဲသို့ ဝင်လိုက်လေပြီး ဝိုင်တစ်အိုးနှင့် ဟင်းလျာ အချို့ကိုမှာယူလိုက်လေသည်။ ထိုင်ခုံ၌ ထိုင်လိုက်ပြီးချိန်တွင် သူက နောက်လုပ်မည့် အစီအစဥ်များကို တွေးတော စီစဥ်နေပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now