ရှောင်လုံက ထရပ်လိုက်ပြီးနောက် ကြီးမားလှသော ပလ္လင် ကြီးကို ကြည့်လိုက်သည်။သူ့၏ အစစ်အမှန် အင်မော်တယ် အဆီအနှစ်အင်အားကို လှည့်ပတ်ကာ ပလ္လင် ပေါ်သို့ ခြေချလိုက်လေသည်။ စိတ်ဝိညာဉ် တစ်ရာသားရဲဘုရင်၏ ဦးခေါင်းကိုစည်းခတ်ရန် အသုံးပြုထားသော ပလ္လင် သည် အလယ်ဗဟိုမှ စ၍ ကွဲအက်သွားလေသည်။ ပင်းကူမျှင်များကဲ့သို့ နက်ရှိုင်းလှသည့် အက်ကွဲကြောင်းများသည် ပလ္လင်၏ အစွန်အထိ ပြန့်နှံ့သွားပေသည်။

အက်ကွဲသံများ ပဲ့တင် ထပ်သွားလေပြီး ပုလ္လင်သည် မြေပေါ်သို့ ပြိုလဲ ကျသွားလေသည်။

ထိုပလ္လင်ကို မည်သည့် ပစ္စည်း များဖြင့် ထွင်းထုထားကြောင်း ရှောင်လုံ မသိပေ။ထိုပုလ္လင်သည် အလွန်တရာ မာကျောလှပြီး မီးခိုးရောင်လေဟာနယ် ထဲတွင် နှစ်ပေါင်းမရေတွက်နိုင်အောင် တည်ရှိနေခဲ့သော အရာဖြစ်သည်။ သို့သော်လည်း ၄င်းသည် ရှောင်လုံ၏ ခြေဖုဝါးအောက်၌ ကွဲအက်သွားရလေသည်။

ကွဲအက်သွားသော ပလ္လင်၏ အပိုင်းအစများကိုကြည့်ရင်း ရှောင်လုံသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ သူက သူ့၏ စိတ်ဝိညာဉ် ပင်လယ်ကို နတ်ဘုရားဦးခေါင်းတစ်ခု ဖွဲ့တည်ခြင်းမှ ရပ်တန့်စေလိုက်ပြီး သူ့၏ ခွန်အားကို နတ်ဘုရားအဆင့်၁၀နောက်ပိုင်း အထွတ်အထိပ်အဆင့်၌ ဖိနှိပ်ထားသော်လည်း သူ့၏ ခွန်အားသည် များစွာ တိုးတက်ပြောင်းလဲသွားပေသည်။ သူက အရင်ကထက် သုံးဆမက ပိုမိုသန်မာလာပေသည်။

ယခုအခါတွင် သူက နတ်ဆိုးတစ္ဆေဘိုးဘေးကဲ့သို့သော မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်များနှင့် ကြုံတွေ့သွားရမည်ဆိုလျှင် ခွန်အားသုံးစရာမလိုပဲ အလွယ်တကူ သတ်ဖြတ် ပစ်နိုင်လိမ့်မည်။

ရှောင်လုံ၏ ပုံရိပ်သည် အဝေးသို့ရောက်ရှိသွားကာ မီးခိုးရောင်လေဟာနယ်ကို ဖြတ်သန်း၍ ကမ္ဘာမျက်နှာပြင်သို့ ဦးတည် ဖြတ်သန်းသွားလေသည်။မည်သည့် အင်အားမှ စိုက်ထုတ်စရာမလိုဘဲ ကမ္ဘာမြေကြီး သည် ကွဲအက်သွားဟန်ရပြီး သူ့အတွက် လမ်းကြောင်းတစ်ခု ပြုလုပ်ပေးလေသည်။ သူက အရင်ထက် ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ ရောက်ရှိသွားပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now