သုံးနှစ်ကြာ ကြိုးစားအားထုတ်ပြီးနောက် ရှောင်လုံက တကယ့်ကိုပင် လိပ်နက် နတ်မီးတောက်နှင့် ပတ်သတ်သည့် သဲလွန်စသေးသေးလေးကို ရရှိလိုက်သည်။
သူ သုံးနှစ်ကြာ စုဆောင်းခဲ့သမျှ သတင်းအချက်အလက်ကို စုစည်းလိုက်ပြီးနောက် အဖြေတစ်ခု ရလာခဲ့သည်။ လိပ်နက် နတ်မီးတောက်က ရေကို နှစ်သက်ပြီး အလွန်အမင်း အေးစက်နေသည့် ရေရှိရာတွင် ကျင်လည်ကျက်စားလေ့ရှိသည် ။ ထို့ကြောင့် လိပ်နက် နတ်မီးတောက်သည် အေးစက်သည့် ပင်လယ်ထဲ၌ ရှိရပေမည်။

ဤသဲလွန်စသည် မရေရာလွန်းသဖြင့် ရှောင်လုံ ရှာဖွေရမည့် နေရာအကျယ်အဝန်းက အလွန်ပင် ကြီးမားလွန်းလှသည် ။ အလွန်အမင်း အေးစက်သည့် ပင်လယ်အကြောင်း ပြောရမည်ဆိုလျှင် အနက်ရောင်လိပ်ကြယ်စင်စုထဲ၌ ထိုသို့သော ပင်လယ်များ ရာပေါင်း ထောင်ပေါင်းများစွာ ရှိနေလေသည် ။ ထိုပင်လယ်အားလုံးကို တစ်ခုပြီးတစ်ခု လိုက်ရှာရန်မှာလည်း လက်တွေ့ကြသော ကိစ္စမဟုတ်ပေ ။  တတ်နိုင်သမျှ လက်တွေ့ကြသော ဦးတည်ရာတစ်ခုကို သတ်မှတ်ရန် ရှောင်လုံအတွက် သတင်းအချက်အလက် များစွာ လိုအပ်နေသည်။

ဥပမာအားဖြင့် လိပ်နက်မီးတောက်သည် မည်သည့်ကမ္ဘာ သို့မဟုတ် မည်သည့်ပင်လယ်တွင်ရှိနေသည်ကို အတိအကျ သိလိုက်ရလျှင် ကျန်ရှိသည့်အရာများက ရှောင်လုံအတွက် လွယ်ကူသွားပေလိမ့်မည် ။

......

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၇၀၇ ..... သိုင်းဝိညာဉ်ကမ္ဘာဆီသို့ ပြန်ခြင်း

သို့သော်လည်း အနက်ရောင်လိပ် ကြယ်စင်စု၏ မည်သည့် အရပ် သို့မဟုတ် မည်သည့်ကမ္ဘာ ဆိုသည်ကို ဆုံးဖြတ်ရန်မှာ အပြောထက် အလုပ်ခက်ပေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ်နှစ်တာ ကုန်လွန်သွားသည်။
ဆယ်နှစ်ကြာ အချိန်ဖြုန်းပြီးနောက် သူသည် မှတ်တမ်းဟောင်းများအားလုံးကို ရှာဖွေနိုင်ခဲ့သည်။ ရှောင်လုံသည် နောက်ဆုံး၌ လိပ်နက် နတ်မီးတောက် တည်ရှိနေနိုင်သည့် နေရာကို ကမ္ဘာ့မျက်နှာပြင် ခြောက်ခုပေါ်ရှိ အလွန်အမင်း အေးစက်သည့် ပင်လယ်ကိုးခုအဖြစ် ချုံ့ပစ်လိုက်နိုင်သည်။
၎င်းတို့ထဲမှ တစ်ခုသည် ငြိမ်းချမ်းခြင်းအင်ပါယာ ကမ္ဘာဖြစ်သည်။
သိုင်းဝိညာဉ်ကမ္ဘာနှင့် အနီးကပ်ဆုံးသော ကမ္ဘာလည်း ဖြစ်သည်။ နှစ်ပေါင်းများစွာအကြာက ဗရမ်းဗတာနယ်မြေ ရှိ အင်အားအကြီးဆုံးသောမြို့၏ အရှင် ကျို့ယီသည် ငြိမ်းချမ်းခြင်းအင်ပါယာ ကမ္ဘာမှ လာသည်ဟု ပြောကြသည်။
တစ်ဖက်တွင် အဆင့်ခြောက်နတ်ဘုရားဦးခေါင်း ကို သန့်စင်ပြီးနောက် ရှောင်လုံ၏ ကျင့်စဉ်သည် နတ်ဘုရားအဆင့် ၇ နောက်ပိုင်း အထွတ်အထိပ်အဆင့် ထိ ရောက်သွားပြီဖြစ်ကာ နတ်ဘုရားအဆင့် ၈ သို့ ရောက်ရန် ခြေလှမ်းဝက်သာ လိုတော့သည်။
ပုံမှန်အားဖြင့် ရှောင်လုံ၏ အမြင်အရ သူသည် နတ်ဘုရားအဆင့် ၈သို့ နှစ်သုံးဆယ်အတွင်း ရောက်ရှိသွားပေလိမ့်မည်။ သို့သော် ယခုမူ အချိန်က ထို့ထက် နည်းသွားတော့မည့်ဟန်ရသည်။
ဤနှုန်းအတိုင်းသာ ဆိုပါက ရှောင်လုံသည် နတ်ဘုရားအဆင့် ၈သို့ ငါးနှစ်အတွင်း သေချာပေါက် ဝင်ရောက်နိုင်လိမ့်မည်ဟု ယုံကြည်ပေသည်။
ဤဆယ်နှစ်တာအတွင်း ဟောင်မိသားစု ၊ ရှောင်ဖေး ၊ မြင့်မြတ်သောဗုဒ္ဓ အင်ပါယာ ၊ ကျို့ရှု၊ ကျန့်ဖူ ၊ ရှဲ့ပူတိ နှင့်ကျန်သူများသည် သူတို့၏ ကျင့်စဉ်များ၌ ခုန်ပျံတိုးတက်လာကြသည်။
သူ့၏ မိဘများနှင့် မောင်နှမနှစ်ယောက်သည် စကြာဝဠာအဆင့် ၁၀ သို့ ရောက်နေပြီ ဖြစ်သည်။ သူတို့ထဲ၌ အသန်မာဆုံးမှာကား သူ့၏တူ ဂိုရှောင်ဖန် ဖြစ်ပြီး စကြာဝဠာအဆင့် ၁၀ နောက်ပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
မြင့်မြတ်သောဗုဒ္ဓအင်ပါယာ ၊ ကျို့ရှု နှင့် ကျန့်ဖူတို့သည် နတ်ဘုရားအဆင့် ၂ သို့ ရောက်နေပြီဖြစ်သည်။ ရှောင်ဖေးမှာမူ နတ်ဘုရားအဆင့် ၄သို့ ရောက်သွားလေပြီ။
နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်နေသည့် ရှဲ့ပူတိသည်လည်း ရှောင်လုံ၏ ကောင်းကင်ဝါးမြို ကြယ်စင်ဖြာ ဆေးလုံးကို သောက်သုံးပြီးနောက် နတ်ဘုရားအဆင့် ၁သို့ အောင်အောင်မြင်မြင်  ချိုးဖျက်ဝင်ရောက်သွားသည်။
ဤအချိန်၌ ကျိုးမိသားစုက ကျိုးဝမ်ရှန်း ပြောခဲ့သည့် ရှဲ့ပူတိသာ နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်ခဲ့လျှင် သူမသည် သူ့ကို တာအိုလက်တွဲဖော်အဖြစ်လက်ခံမည်ဆိုသည့် အခြေအနေတစ်ခုဖြစ်သွားပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှဲ့ပူတိသည် အောင်မြင်သွားခဲ့လေပြီ။
ထို့ပြင် ရှဲ့ပူတိနှင့် ကျိုးဝမ်ရှန်းတို့အကြား၌ မည်သည့်ကိစ္စမှ ဖြစ်လာနိုင်စရာ မရှိတော့ပေ။ နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့နှစ်ယောက်သည် ထိုကိစ္စဖြစ်ပြီးသွားကတည်းက ထပ်မတွေ့တော့ပေ။
ကမ္ဘာခြောက်ခုနှင့် အလွန်အမင်း အေးစက်သည့် ပင်လယ်ကိုးခုသည် လူတစ်ယောက်တည်းဖြင့် ရှာဖွေရန် ခက်ခဲလှသည်။ သို့သော် ရှောင်လုံက လိပ်နက် နတ်မီးတောက် ကို ရှာဖွေရန် အလျင်လိုမနေပေ။ မဟာနတ်ဘုရားသိုင်းပြိုင်ပွဲ ထိတိုင်အောင် အချိန်ရှိနေပေသေးသည်။ ထို့ကြောင့် သူက မှတ်တမ်းဟောင်းများကို ပိုက်စိပ်တိုက် လေ့လာကာ ရှာဖွေရမည့် နေရာ အကျယ်အဝန်းကို ကျဉ်းသထက်ကျဉ်းအောင် လုပ်နေလိုက်သည်။ ကမ္ဘာတစ်ခု သို့မဟုတ် ရေခဲပင်လယ်၏ မျက်နှာပြင် ဆိုသည်အထိ နေရာတိတိကျကျ သိရန် အထူးကြိုးစားနေပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now