နေ့ရက်များက ပုံမှန်အတိုင်း ကုန်ဆုံးသွားသည်။ အချိန်သုံးနှစ် ကျော်လွန်သွားပေပြီ။
ဤသုံးနှစ်အတွင်း ရှောင်လုံက ရွှေရောင်နဂါးတောင်ထွတ်၌သာနေပြီး အဆင့်ခြောက်နတ်ဘုရားဦးခေါင်းနှင့် ဗုဒ္ဓဆာရီယာကို သန့်စင်စုပ်ယူရာ၌သာ အာရုံစိုက်ထားသည်။ ထိုပစ္စည်းနှစ်ခုကြောင့် ရှောင်လုံ၏ ခွန်အားသည် အကန့်သတ်မဲ့ ခုန်ပျံတိုးတက်လာပြီး တစ်နေ့ထက်တစ်နေ့ အခြေခံ ခိုင်မာလာသည့် ခံစားချက်ကိုလည်း ရနေပေသည်။
ဗုဒ္ဓဆာရီယာထဲ၌ ကျန်ရှိသမျှ ဗုဒ္ဓစွမ်းအင်များအားလုံးသည် ဤသုံးနှစ်အတွင်း ရှောင်လုံ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ ဤသည်က ရှောင်လုံကို နတ်ဘုရားအဆင့် ၇ နောက်ပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်သွားစေသည် ။

နတ်ဘုရားအဆင့် ၇ နောက်ဆုံး အထွတ်အထိပ်အဆင့်!

ဤအမြန်နှုန်းသည် ရှောင်လုံဆီသို့ အလည်လာနေကြ လျှိုယွင်နှင့်ချီဝမ်တို့ကိုပင် မနာလို အားကျစွာ သက်ပြင်းချသွားမိစေသည်။
ဟောင်မိသားစု ၊ မြင့်မြတ်သောဗုဒ္ဓ အင်ပါယာ ရှီဖန်ထျန်း၊ ရှောင်ဖေး၊ ကျောင်းရှု၊ ကျန်းဖူ နှင့် ကျန်သူများသည်လည်း ဤသုံးနှစ်အတွင်း းမှာ များစွာ တိုးတက်လာခဲ့သည်။ ဤသည်မှာ 'လူသားကိုယ်ကို အရေခွံလဲ၍ အရိုးများအား ပြောင်းလဲပစ်သည်' ဆိုသော စကားပုံနှင့်ပင် တူညီနေပေသည်။
ရှောင်လုံ၏ မိသားစုဝင်များအားလုံးသည်လည်း အဆင့်မြင့် စကြာဝဠာအဆင့်ဆီသို့ ရောက်ရှိသွားကြသည်။

မြင့်မြတ်သောဗုဒ္ဓအင်ပါယာ ၊ ကျောင်းရှု၊ ကျန့်ဖူနှင့် အများစုသည် နတ်ဘုရားအဆင့် ၁ နောက်ဆုံးအဆင့် သို့ တက်လှမ်းရောက်ရှိသွားကြသည်။ ရှောင်ဖေး၏ တိုးတက်မှုမှာကား သူမ၏ သန့်စင်ဉာဏ်အလင်းဗုဒ္ဓခန္ဓာကိုယ် ကြောင့် အားလုံးထဲတွင် တုန်လှုပ်ဖွယ်ရာ အကောင်းဆုံး ဖြစ်သည်။ သူမက နတ်ဘုရားအဆင့် ၃ အလယ်အဆင့် သို့ပင် ရောက်ရှိနေလေပြီ။
ရှောင်လုံက သူ့အားလပ်ချိန်တွင် သိုင်းကျင့်ကြံခြင်း အပြင်  အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ ကျမ်းစာခန်းမသို့ သွား၍ နတ်မီးတောက် သုံးမျိုးနှင့် ပတ်သတ်ဆက်နွယ်သည့် မှတ်တမ်းဟောင်းများကို သွားရောက်ရှာဖွေ လေ့လာခဲ့သည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now