စကားအဆုံးတွင် လမင်းဆင်းသက်ခြင်းအဘိုးအို က သူ့အသံနှုန်းကို ပြောင်းလဲလိုက်သည်။
ရှောင်လုံ တစ်ခဏမျှ ကြောင်အမ်းသွားသည်။

" ဒါက...ဆရာ...ဒါက မလိုအပ်ပါဘူး...ကျွန်တော် ကိုယ့်ဟာကိုယ် သန့်စင်လို့ရပါတယ် "

ရှောင်လုံက အလျှင်စလိုပင် လွှတ်ခနဲ ပြောလိုက်မိသည်။

အဘိုးအိုက ဗုဒ္ဓဆာရီယာကြောင့် ဒဏ်ရာရရှိခဲ့သည် ။ သို့သော် အဘိုးအိုက ရှောင်လုံ ဗုဒ္ဓဆာရီယာ သန့်စင်ရာတွင် သူ့၏ နတ်ဘုရားအင်အားကို သုံး၍ ကူညီပေးချင်နေသေးသည် ။ သူ့ကြောင့်သာ အဘိုးအို၏ ဒဏ်ရာများက ပိုမို ဆိုးရွားသွားခဲ့လျှင် ရှောင်လုံလည်း စိတ်ကောင်းမှာ မဟုတ်ပေ ။

သို့သော် လမင်းဆင်းသက်ခြင်းအဘိုးအို၏ မျက်လုံးများက နောက်တစ်ကြိမ် ပြူးကျယ်လာပြီး ရှောင်လုံကို စိုက်ကြည့်လိုက်သည် ။

" ငါ မင်းကို ထိုင် လို့ပြောရင် ထိုင်လိုက်...
ဘာသောက်ပေါက်တတ်ကရတွေ လျှောက်ပြောနေတာလဲ ..... မြန်မြန်လုပ်... မဟုတ်ရင် ငါ ဒီဗုဒ္ဓဆာရီယာကို မင်းအဘွားအိမ်ထိ ရောက်သွားအောင် ပစ်ချလိုက်မယ် "

ရှောင်လုံလည်း ခါးသက်သက်သာ ပြုံးလိုက်ရသည်။
ဒီ အဘိုးကြီးကတော့လေ...!

အဘိုးအိုက ဤဗုဒ္ဓဆာရီယာကို ရွှေရောင်နဂါးတောင်ထွတ်ဆီမှ သူ့အဖွားနေထိုင်ခဲ့သော သိုင်းဝိညာဉ်ကမ္ဘာဆီသို့ရောက်အောင် ပစ်လွှတ်နိုင်လိမ့်မည်ဟု သူမယုံကြည်ပေ ။ သို့သော်လည်း လမင်းဆင်းသက်ခြင်းအဘိုးအိုသည် နွားသိုးတစ်ကောင်ကဲ့သို့ ခေါင်းမာလှသည်ကိုတော့ သူသိပေသည် ။

နောက်ဆုံးတွင် ရှောင်လုံက တင်ပျင်ခွေ ထိုင်ချလိုက်ပြီး နတ်အတွင်းအားနည်းစနစ်ကို အသုံးပြု၍ လမင်းဆင်းသက်ခြင်းအဘိုးအို၏ ညွှန်ကြားသည့်အတိုင်း အတွင်းအားများကို ခန္ဓာကိုယ်ထဲမှာ စတင်လှည့်ပတ်လိုက်သည်။

ရှောင်လုံ ထိုင်ပြီးသည့်နောက် လမင်းဆင်းသက်ခြင်းအဘိုးအိုက ရိုးရှင်းစွာ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည် ။ ထိုအခါ ဗုဒ္ဓဆာရီယာက ပျံသန်းသွားပြီး ရှောင်လုံ၏ ဦးခေါင်းအထက်၌ ရစ်ဝဲနေသည် ။
ထို့နောက် အဘိုးအိုက ထူးဆန်းသည့် လက်ဟန်တစ်ခုကို ပုံဖော်၍ ဗုဒ္ဓဆာရီယာ ဆီသို့ လက်ညွှန်လိုက်သည် ။ ရွှေရောင် တံဆိပ်တစ်ခုကိုလည်း ပစ်လွှတ်လိုက်သည်။ ခဏကြာပြီးနောက် ဗုဒ္ဓဆာရီယာက ရှောင်လုံ၏ ဦးခေါင်းအတွင်းသို့ သရဖူနှယ် တိုးဝင်သွားသည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now