လမင်းဆင်းသက်ခြင်းအဘိုးအို၏ မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်နေသည် ။ သူက တိုက်ကြက်တစ်ကောင်ဒေါသထွက်နေသကဲ့သို့ သူ့၏ မစွမ်းမသန်သော မှုတ်ဆိတ်မွေးများပင် ထောင်ထနေပေသည်။

တံတွေးများကလည်း နေရာအနှံ့လွင့်စင်သွားသည်။   ရှောင်လုံ ကံကောင်းသွားသည်မှာ  အဘိုးအိုနှင့် မီတာအနည်းငယ်အကွာတွင် ရပ်နေသောကြောင့် ဖြစ်သည် ။ မဟုတ်လျှင် အဘိုးအိုဆီက လာသော တံတွေးစက်ပေါင်း များစွာဖြင့် သူ့ခေါင်းမှ ခြေမထိ ဖုံးလွှမ်းသွားနိုင်သည် ။

လမင်းဆင်းသက်ခြင်းအဘိုးအို နှင့်ရင်ဆိုင်ရချိန်မှာ
ရှောင်လုံခမျာ ထုံးစံအတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေရစမြဲပင် ။

ဤသည်က ဗုဒ္ဓဆာရီယာလေး တစ်ခုသာ ဖြစ်သည်...
ဤအဘိုးအိုကြီးက အဘယ်ကြောင့် အမူအယာ ဤမျှပိုလွန်းနေပါသနည်း။

သို့သော် လမင်းဆင်းသက်ခြင်းအဘိုးအို၏ အလွန်အမင်း ဒေါသထွက်နေသည့် မျက်နှာကို ကြည့်ရင်း ရှောင်လုံ နှလုံးသားထဲမှာ နွေးထွေးသည့် ခံစားချက်တစ်ခု ဖြတ်သန်းသွားလေသည်။ အဘိုးအိုက ဗုဒ္ဓဆာရီယာကို ကိုယ်တိုင်သုံးပစ်ရန် တွန့်ဆုတ်နေခြင်းသည် သူ့ကြောင့်သာ ဖြစ်ကြောင်း ရှောင်လုံ နားလည်လိုက်သည်။

ရှောင်လုံက ရုတ်တရက်ပြုံး၍ လမင်းဆင်းသက်ခြင်းအဘိုးအို၏ စကားကို ဖြတ်ပြောလိုက်သည်။

" ကောင်းပါပြီ အဘိုး...ကျွန်တော် အဘိုး ပြောတာကို နားထောင်ပြီးတော့ ဗုဒ္ဓဆာရီယာကို သုံးလိုက်ပါ့မယ်...အဲ့ဒါဆို အဘိုး ကျေနပ်ပြီမလား "

ရှောင်လုံစကားကိုကြားသည်နှင့် လမင်းဆင်းသက်ခြင်းအဘိုးအို၏ ဒေါသတကြီး အော်ဟစ်ပြောဆိုနေမှုက ရပ်တန့်သွားသည်။ သို့သော်လည်း သူက မလုံလောက်သေးဟန်ဖြင့် အနည်းငယ် ထပ်မံဆူပူလိုက်ပြီးမှ ရပ်တန့်လိုက်သည်။

" ထားလိုက်တော့...ဒီ အဘိုးကြီးက မင်းအတွက် နည်းနည်း အားစိုက်ပေးလိုက်မယ်...
အခု ထိုင်ချလိုက်...မင်း ဗုဒ္ဓဆာရီယာ သန့်စင်ဖို့အတွက် ငါရဲ့ မဟာနတ်ဘုရားအတွင်းအား ကို သုံးပြီး ကူညီပေးမယ် "

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Où les histoires vivent. Découvrez maintenant