ရှောင်လုံ၏ စကားများကြောင့် လီကျားယုံရင်ထဲမှာ ဒေါသထွက်လွန်းသဖြင့် သွေးများဆူပွက်လာပြီး လည်ချောင်းထဲသို့ ပူနွေးနွေးသော အရည်များ ဆောင့်တက်လာသည် ။ ထို့နောက် သူက ပါးစပ်နှင့်အပြည့် သွေးတစ်လုပ် အန်ထုတ်ကာ မေ့လဲသွားတော့သည်။

ရှောင်လုံက ထိုအဖြစ်အပျက်ကို မမြင်သည့်နှယ်  ကျောက်တုံးခန်းမဆောင်ထဲမှ အပြင်သို့  လှည့်ထွက် သွားလိုက်သည်။

ရှောင်လုံ ခန်းမထဲမှ အပြင်သို့ ရောက်လာသည့်အခါ ပတ်ဝန်းကျင်ရှိ အထူးတပည့်များသည် ကြောက်ရွံ့မှု ကြောင့် အနောက်သို့ ကမန်းကတန်း ဆုတ်ခွာသွားကြသည်။ သူတို့ပုံစံက ရှောင်လုံနှင့် ဝေးနိုင်သမျှ ဝေးဝေးတွင် နေချင်နေကြဟန် ရှိသည်။

ရှောင်လုံက ပတ်ဝန်းကျင်မှ ထိတ်လန့်နေကြသော အမူအရာများကို လျစ်လျူရှု၍ အနီရောင်မျောလွင့် တောင်ထိပ်မှ အဝေးဆီသို့ ပျံသန်းသွားလေသည်။

အနီရောင်မျောလွင့်ခန်းမဆောင်မှ ရွှေရောင်နဂါး တောင်ထွတ်ဆီသို့ ပြန်ရောက်သည်နှင့် ရှောင်လုံက သူ့မိဘများရှိသည့် ခြံဝန်းဆီသို့ သွားလိုက်သည်။

ရှောင်ဖေးနှင့် တွေ့ရန် မြောက်ဘက်ရေခဲကမ္ဘာဆီသို့ သွားမည်ဖြစ်ကြောင်း ရှောင်လုံက ပြောပြလိုက် သည်။  ထိုနေ့တစ်နေ့လုံးကိုလည်း သူ့မိဘများနှင့် အချိန်ကုန်ပေးလိုက်လေသည်။

နောက်တစ်နေ့ မနက်စောစောတွင် ရွှေနဂါးတောင်ထွတ်မှလူများက ရှောင်လုံကို အသီးသီး နှုတ်ဆက်ကြသည်။

ထို့နောက် ရှောင်လုံလည်း မြောက်ဘက် ရေခဲကမ္ဘာဆီသို့ ထွက်ခွာလာခဲ့သည်။
မြောက်ဘက် ရေခဲကမ္ဘာဆီသို့ရောက်ရှိရန် အနက်ရောင်သူရဲကောင်း မြို့တော်၏ ကူးပြောင်းခြင်းအစီအရင်ကို ဖြတ်သန်း၍  တန်ဂူကမ္ဘာသို့ ရောက်သည်အထိ များပြားလှသည့် ကူးပြောင်းခြင်းအစီအရင်များကို ရှောင်လုံ ဖြတ်သန်းခဲ့ရသည်  ။ ထို့နောက် တန်ဂူကမ္ဘာမှ မြောက်ဘက်ရေခဲကမ္ဘာဆီသို့ ပျံသန်းသွားလိုက် သည်။

အနက်ရောင် လေဟာနယ် ထဲတွင် ရှောင်လုံ၏ အရိပ်သဏ္ဍာန်က  မြန်ဆန်လှသည့်နှုန်းဖြင့် ပျံသန်းလျက်ရှိသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now