သူ့ပတ်ဝန်းကျင်မှ အံ့သြမှင်တက်မှုများကိုမြင်သော်လည်း  ရှောင်လုံက မထူးခြားနားစွာ ရှိနေဆဲပင် ။

"....ငါက  အစွမ်းထက်တဲ့ ပညာရှင် တစ်ယောက်တော့ မဟုတ်ဘူး...ဒါပေမယ့် မင်းလိုကောင်ကိုတော့  ကောင်းကောင်းဆုံးမနိုင်တယ်  .... "

လီကျီရှုံးလည်း ရှောင်လုံစကားကိုကြားပြီး တခဏမျှ မှင်တက်သွားသည် ။ ထိုနောက်  ကျယ်လောင်စွာ ရယ်မောပြီး ထိုင်ခုံမှ မတ်တပ်ထရပ်လိုက်သည်။

"ဟေ့ကောင်... မင်း ဘယ်မိသားစုကလဲဆိုတာတော့ ငါမသိဘူး ... အေး... ဒါပေမယ့် မင်းကို ဒဏ်ရာရ၊ ခြေကျိုးလက်ကျိုးဖြစ်အောင်လုပ် ၊ သေအောင်သတ်ပြီး ငါ့ကိုယ်ငါ အပျင်းဖြေလိုက်တော့မယ် .... "

ဒဏ်ရာရ၊ ခြေကျိုးလက်ကျိုးဖြစ်အောင်လုပ် သေအောင်သတ် ... !

လီကျီရှုံး မျက်လုံးထဲရှိ လူသတ်လိုစိတ်များက ပိုမို ထူထပ်လာသည်။

သို့သော် လီကျီရှုံးတစ်ယောက် သူ့စကားအတိုင်း မလှုပ်ရှားနိုင်သေးခင် အရိပ်တစ်ခုက သူ့ရှေ့သို့ ဖျတ်ခနဲ ရောက်ရှိလာသည် ။ ထို့နောက်  လီကျီရှုံးလည်း သူ့လည်ပင်းကြီး တင်းကျပ်လာတာကို ချက်ချင်း ခံစားလိုက်ရသည် ။

  ရှောင်လုံက သူ့ရှေ့မှာ ရပ်ကာ လက်တစ်ဖက်ဖြင့်  လီကျီရှုံးလည်ပင်းကို ဆုပ်ကိုင်ထားသည်။

"မင်း...!"

လီကျီရှုံးလည်း ဒေါသထွက်သွားပြီး အလင်းကဲ့သို့ မြန်ဆန်သော လက်သီးဖြင့် ရှောင်လုံကို  ထိုးချလိုက်သည်။

ရှောင်လုံက လှောင်ပြုံးပြုံးလိုက်ပြီး လက်သီးချင်း ဆိုင်ပေးလိုက်သည်။

ဂျွတ်!ဂျွတ်!

အရိုးကျိုးသံများကို အတိုင်းသားကြားလိုက်ရပြီးနောက် လီကျီရှုံး၏ အသည်းခိုက်မတတ် အော်ဟစ်သံသည် လည်း ပေါ်ထွက်လာသည်။
ရှောင်လုံ၏ လက်သီးချက်သည် လီကျီရှုံး၏ လက်ထဲရှိ အရိုးများအားလုံးကို ကြေမွသွားစေသည် ။ တစ်ချိန်တည်းမှာဘဲ ရှောင်လုံကိုယ်ထဲမှ စိမ့်ထွက်နေသော အေးစက်စက် နတ်ဆိုးအတွင်းအားချီက လီကျီရှုံးအပေါ်သို့ ပြင်းထန်စွာ သက်ရောက်သွားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Donde viven las historias. Descúbrelo ahora