သို့သော် သူတို့သည် နောက်ဆုံး၌ ဝမ်နည်းဖွယ်ရာ အနေအထားနှင့် ဝမ်နာကို သတိထားမိသွားကြသည်။  သူမ၏  မျက်လုံးများသည် မီးတောက် မီးလျှံများ ထွက်နေသည့်ပမာ နီရဲနေသည်။ သူမ၏ ရွှေရင်မို့မို့ထက်မှ သိသာထင်ရှားလှသည့် အနီရောင် လက်ရာကြီးကို မြင်လိုက်ကြရချိန်မှာတော့ စုဟောင်တုံနှင့် လီကျီကွမ်တို့နှစ်ယောက်  လုံးဝကို အံ့အားသင့်သွားသည်။

"လက်ထောက်ကျောင်းအုပ် ဝမ်...အခု ဘာတွေဖြစ်နေကြတာလဲ?"

စုဟောင်တုံက မေးမြန်းလိုက်သည်။
ဝမ်နာက လမင်းဆင်းသက်ခြင်းအဘိုးအိုနှင့် ရှောင်လုံကို လက်ညှိုးထိုးပြလိုက်ပြီး အော်ဟစ်လုနီးပါး စူးရှသည့်အသံဖြင့် ပြောလိုက်သည်။

"ရှင်တို့အားလုံး ဒီမှာရှိနေတာ ကောင်းတယ်...အဲ့ဒီ ဟောင်ရှောင်လုံ က ကျွန်မတို့ရဲ့ အနက်ရောင်စစ်သည်တော်တက္ကသိုလ်ထဲမှာ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်တစ်ယောက်ကို တကယ်ကြီး ဝှက်ထားခဲ့တယ်... သူတို့က ကျွန်မကိုတောင်မှ အခုလေးတင် အလစ်ငိုက်ဖမ်းပြီး တိုက်လိုက်သေးတာ...ရှင်တို့နှစ်ယောက် ကျွန်မနဲ့ ပူးပေါင်းပြီး အဲ့ဒီ အဘိုးကြီးနဲ့ သစ္စာဖောက် ဟောင်ရှောင်လုံကို ဖမ်းကြရအောင်"

ဤအခြေအနေအထိတိုင်အောင်  ရှောင်လုံသည် လူအိုကြီး ကို အနက်ရောင်စစ်သည်တော်တက္ကသိုလ်ထဲ၌ ဝှက်ထားသည်ဟု ဝမ်နာက ပြောဆိုနေဆဲပင် ။
အချက်ကျကျဆိုရလျှင် ဝမ်နာသည်သာမက မည်သည့်မဟာနတ်ဘုရားအဆင့်သိုင်းပညာရှင် မဆို ကမ္ဘာတစ်ခုမှ အခြားကမ္ဘာတစ်ခုသို့ တည်နေရာ ခုန်ကူးသည့်ကိစ္စကို ဖြစ်နိုင်သည်ဟု ယုံကြည်ကြမှာ မဟုတ်ပေ။

စုဟောင်တုံနှင့်လီချီကွမ်း တို့လည်း တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဝမ်နာ၏ အစီအစဉ်အတိုင်း လိုက်လုပ်ရန် တုံ့ဆိုင်းနေကြသည်။

ထို့နောက်တွင် တစ်ချိန်လုံး စပ်ဖြဲဖြဲအပြုံးကို ဆင်မြန်းထားသည့် လမင်းဆင်းသက်ခြင်းအဘိုးအိုသည်  ဝမ်နာအား ရုတ်ချည်းဆိုသလို စိမ်းကားစွာ ကြည့်လိုက်သည်။

"အသဲလေး...မင်းက မိန်းကလေးဖြစ်နေတယ်ဆိုပြီး ငါက အမြဲတမ်း သက်ညှာပေးနေလိမ့်မယ် မထင်နဲ့...မင်း ငါ့ရဲ့ တပည့်လေးကို အသရေပျက်အောင် ထပ်ပြီးစွပ်စွဲနေမယ်ဆိုရင် ငါ မင်းကိုယ်ပေါ်က အဝတ်တွေချွတ်ပစ်မှာနော် !"

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now