"... ဘာကွ...? မင်းဆရာနဲ့ ပြန်တွေ့မယ်ဟုတ်လား..? မင်းက ငါတပည့်တောင် ဖြစ်နေပြီလေ ... မင်းဆရာနဲ့ ဘာကိစ္စ ပြန်တွေ့အုံးမှာလဲ ...? ငါကရော မင်းဆရာ မဟုတ်လို့လား...?
မင်းဆရာ ဖုယန်ကရော ကန့်ကွက်စကား ဆိုရဲမယ်လို့ ထင်နေလား ...? ဘာကို ပင်လယ် လမင်းဆင်းသက်ခြင်းဆေးနည်းလဲ ....?
မင်းတော်တော် ကျေးဇူးမသိတတ်တဲ့ကောင်လေးပဲ..... ဆရာကို မလေးမစားလုပ်တယ် ...ဆရာကို မျက်လုံးထဲ ထည့်မထားဘူး ....အဲ့ဒါတောင် ပင်လယ်လမင်းဆင်းသက်ခြင်း ဆေးနည်းကို တောင်းရဲသေးတယ်ပေါ့လေ .....!"

လမင်းဆင်းသက်ခြင်း အဘိုးအို၏ ပါးစပ်ထဲမှ တံတွေးများ နေရာအနှံသို့ လွင့်စင်သွားသည်။ ရှောင်လုံတို့ သုံးယောက်လည်း ဘာပြောလို့ ပြောရမှန်းမသိဘဲ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ လမင်းဆင်းသက်ခြင်း အဘိုးအိုစိတ်သဘောထားသည် အင်မတန် နားလည်ရခက်လှသည် ။ အစောပိုင်းကပင် ပြုံးပြုံးရွှင်ရွှင်နှင့် ပြောနေသေးသည်။ သို့သော် မျက်စိတမှိတ်အတွင်း သူ့၏စိတ်အခြေအနေက လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူ့ကို ဒေါသဖြင့် အားပါတရ ဝေဖန်နေသော အဘိုးအိုကြောင့် ရှောင်လုံတစ်ယောက် ငိုချင်နေသော်လည်း မျက်ရည်ကျမလာပေ ။

အမှန်အတိုင်းပြောရလျှင် ဤဖြစ်စဉ်မှာ ရှောင်လုံဘက်က အမှားအယွင်းတစ်စုံတရာ မရှိခဲ့ပေ ။ သို့သော် ရှောင်လုံသည် ထိုအဘိုကြီးနှင့် တကယ့်သိုင်းမှာရော လေသိုင်းမှာပါ မယှဉ်နိုင်ပေ။

"... ဆရာကြီး ... ဆရာကြီးဘက်က နည်းနည်းလောက်တော့ ကျိုးကြောင်းဆီလျော်သင့်ပါတယ်...!"

ရှောင်လုံလည်း ကူကယ်ကယ်ရာမဲ့နေသော အပြုံးဖြင့် ပြောလိုက်သည်

"....ကျနော်သာ အင်မော်တယ်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့မယ်ဆိုရင် ပင်လယ်လမင်း ဆင်းသက်ခြင်း ဆေးလုံးဖော်စပ်နည်းကို ပေးမယ်လို့ ဆရာကြီးဘက်က သဘောတူခဲ့တယ်လေ.... "

".... ဘာပြောတယ် ... မင်းပြောချင်တာက ကျိုးကြောင်းမဆီလျော်တဲ့လူက ငါပေါ့ ဟုတ်လား ...?"

လမင်းဆင်းသက်ခြင်း အဘိုးအိုသည် အမြီးတက်နင်းခံလိုက်ရသော ကြွက်တစ်ကောင်ကဲ့သို့ လေထဲသို့ ခုန်ကာ ရှောင်လုံကို လက်ညိုးငေါက်ငေါက်က်ထိုးပြီး ဒေါသတကြီး ရန်တွေ့လိုက်သည်

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now