ကျူးမိသားစုဝင်များ၏ ရင်ထဲမှာ မခံချင်စိတ် နှင့် ကြောက်ရွံစိတ်များ တစ်ပြိုင်နက် ဖြစ်ပေါ်နေသည်။
သူတို့က အလင်းဖြာ အမြီးကိုးချောင်း ကျားကြီးကို မြင်မြင်ချင်းမှာ အရမ်းပင် ကျေနပ်ပျော်ရွှင်ခဲ့ကြသည်။ သူတို့၏ စုပေါင်းခွန်အားဖြင့် အမြီးကိုးချောင်းကျားကြီးကို အလွယ်တကူ ဖမ်းဆီးနိုင်လိမ့်မည်ဟု သူတို့စိတ်ထဲမှာ ယုံကြည်ခဲ့ကြသည်။ သူတို့ အမြီးကိုးချောင်းကျားကြီး၏ စွမ်းအားက သူတို့မှန်းဆထားသည်ထက် များစွာ သာလွန်နေသည်။ ထိုအချက်ကို သူတို့အားလုံး သတိမပြုမိခဲ့ကြပေ ။

ထိုအပြင် အလင်းဖြာ အမြီးကိုးချောင်းကျားကြီး၏ သူ့ကိုယ်သူ ပြန်လည်ကုသနိုင်စွမ်းကလည်း သူတုိ့ကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည်။ အမြီးကိုးချောင်း ကျားကြီး၏ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော ဓားဒဏ်ရာ သုံးချက် ရရှိခဲ့သော်လည်း ထိုဒဏ်ရာများက အချိန်တိုအတွင်း ပြန်လည်ပျောက်ကင်းသွားသည်။

ကျူးမိသားစုဝင်များက ပြန်လည်ကုသနိုင်သည့် စွမ်းရည်မြင့်မားသော အမြီးကိုးချောင်းကျားကြီးကို ကြည့်ပြီး စိတ်တိုနေကြစဉ် ကျားကြီးက အနောက်ဘက်သို့ ရုတ်တရက် ခုန်ဆုတ်လိုက်သည်။
ထိုနောက် အံ့သြ မှင်တက်နေကြသော ကျူးမိသားစုဝင်များ၏ အရှေ့မှ အလွယ်တကူ ထွက်ပြေးသွားလေသည်။

အမြီးကိုးချောင်းကျားကြီး၏ ရုတ်တရက် ထွက်ပြေးမှုသည် ကျူးမိသားစုဝင်များကို အငိုက်မိသွားစေသည်။ သူတို့အားလုံးက ထွက်ပြေးသွားသော ကျားကြီးကို မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေကြသည်။

သူ့၏ ကိုယ်ရောင်ကိုယ်ဝါများကို ကွယ်ဝှက်ကာ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေသည့် ရှောင်လုံလည်း အံ့သြသွားသည်။

ကျားကြီးက ငါ့ကိုယ်ရောင်ကိုယ်ဝါကို အနံခံမိသွားတာလား ...?

သို့သော် အမြီးကိုးချောင်းကျားကြီးက အဝေးသို့ ထွက်ပြေးသွားပြီ ဖြစ်သောကြောင့် ရှောင်လုံလည်း ရှည်ရှည်ဝေးဝေး မစဉ်းစားနိုင်တော့ပေ။ ရှောင်လုံလည်း ပိုးစာပင်ဓားပေါ်သို့ အလျင်အမြန် ခုန်တက်ပြီး ကျားကြီး၏ အနောက်သို့ ကမန်းကတမ်းလိုက်သွားသည်။ ကျားကြီးကို မှီလာသည်နှင့် ရှောင်လုံက တုန့်ဆိုင်းနေခြင်း မရှိပေ။ သူ့လက်သီးနှစ်ဖက်လုံးကို အားကုန်လွှဲ၍ ကျားကြီးကို ထိုးချလိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now