".... ရပ် ...ရပ်လိုက်စမ်း ...."

အကြီးအကဲ ကျောက်လွေက အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။
သို့သော် ရှောင်လုံက မည်သည်အကြောင်းကြောင့် ရပ်တန့်ပါမည်နည်း ...?

အကြီးအကဲ ကျောက်လွေက သူ့ကိုယ်သူ အရူးတစ်ယောက်လို ထင်နေစဉ် ပိုးစာပင်ဓား၏ တိုက်ခိုက်မှုက ရုတ်တရက် ရပ်တန့်သွားလေသည်။
ထိုအဖြစ်အပျက်ကြောင့် အကြီးအကဲကျောက်လွေလည်း မှင်တက်သွားသည်။ သို့သော် သူ တခြားကိစ္စများ မစဉ်းစားနိုင်သေးခင်မှာ ရှောင်လုံက သရဲအရိပ်ကိုယ်ဖော့သိုင်းကို အသုံးပြု၍ သူ့အနားသို့ လျှပ်တပြက် ချဉ်းကပ်လာသည်။ ထိုနောက် ကျောက်လွေရင်ဘတ်မှ ချီပင်လယ် နေရာသို့ လက်သီးဖြင့် ထိုးချလိုက်သည်။

၎င်းလက်သီးချက်ကြောင့် ကျောက်လွေ၏ မျက်လုံးများ ပြူးထွက်လာသည်။ အလွန် ပြင်းထန်သော နာကျင်မှုကြောင့် ကျောက်လွေ တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်ပြီး မျက်ရည်များပါ စီးကျလာသည်။ ထိုနောက် ကျောက်မိသားစုဝင်များရှိနေသောနေရာသို့ လွင့်ထွက်သွားသည်။

ရှောင်လုံကလည်း ကျောက်မိသားစုနှင့် ရှဲမိသားစုများရှိနေသောနေရာသို့ မထီတရီပြုံး၍ ချဉ်းကပ်သွားသည်။

ကျောက်ချန် ၊ ကျောက်ရီ ၊ ရှဲဟွေ ၊ ရှဲချောင်နှင့် တခြားလူများက ရှောင်လုံကို ကြောက်လန့်တုန်လှုပ်နေသောမျက်လုံးများဖြင့် ကြောင်ပြီး ငေးကြည့်နေကြသည်။

".... ဟောင် ...ဟောင်ရှောင်လုံ ....မင်း...မင်းဘာလုပ်ချင်လုိ့့လဲ ..?!"

တစ်လှမ်းချင်းလာနေသော ရှောင်လုံကိုကြည့်ရင်း ကျောက်လွေမျက်နှာက သွေးမရှိတော့သယောင် ဖြူဆုတ်သွားသည်။ ထိုအပြင် အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သော်လည်း သူ့အသံက သိသိသာသာကို တုန်နေသည်။
သိုင်းလေ့ကျင့်သက် အနှစ်တစ်ရာအောက်သာရှိသေးသော်လည်း ရှောင်လုံ ဤမျှအစွမ်းထက်နေသည့်အပေါ် ကျောက်လွေရင်ထဲမှာ လက်မခံနိုင်အောင် ဖြစ်နေသည်။

နတ်ဘုရားအဆင့်သုိ့ ကျော်ဖြတ်နိုင်သူအားလုံးသည် မြင့်မားသော ပင်ကိုယ်စွမ်းရည်ရှိသည့် ပါရမီရှင်များ ဖြစ်ကြသည်။ ကျောက်လွေကိုယ်တိုင်ကလည်း ကျောက်မိသားစု၏ ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သို့သော် ကျောက်လွေက နတ်ဘုရားအဆင့် ၄ သို့ကျော်ဖြတ်ရန်အတွက် နှစ်ပေါင်းရှစ်ထောင်ကျော် မဆုတ်မနစ် လေ့ကျင့်ခဲ့ရသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Onde histórias criam vida. Descubra agora