လျှိုယွင်က ခေါင်းညိတ်ပြလိုက်သည်

".... မင်းရဲ့ အံ့သြဖွယ်ရာ ပင်ကိုစွမ်းရည်ကို အားလုံးသိထားကြတယ်ကွ.... အဲ့ဒါကြောင့် မိုးပြာရောင် နဂါး ကြယ်စင်စုတင် မကဘူး ... အဖြူရောင် ကျား ကြယ်စင်စု ၊ ဟင်္သာငှက် ကြယ်စင်စု မှာရှိတဲ့ ထိပ်တန်းအင်အားစုတွေက မင်းကို သတိပြုမိနေကြတယ် ... ဒီတစ်ကြိမ် မိုးပြာရောင် နဂါး တက္ကသိုလ်က လူတွေလာရင် မင်းနဲ့ သိုင်းဖလှယ်ဖို့ အကြောင်းအမျိုးမျိုးပြပြီး တောင်းဆိုကြလိမ့်မယ်.... သူတို့မှာသာ အခွင့်အရေးရှိခဲ့ရင် မင်းကို ဒဏ်ရာရအောင်ပါ လုပ်ကြလိမ့်မယ် ...."

နောက်ဆုံးစကားကြောင်းကိုပြောချိန်တွင် လျှိုယွင်၏ အသံက အေးစက်သွားသည် ။

"... မိုးပြာရောင် နဂါးတက္ကသိုလ်က လူတွေရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ ....?"ရှောင်လုံက မေးလိုက်သည်။ ေ အနက်ရောင် လိပ်ကြယ်စင်စု အတွင်းမှ ထိပ်သီးအင်အားစုများအကြောင်းကို ရှောင်လုံ လေ့လာထားသော်လည်းတခြား ကြယ်စင်စုများနဲ့ ပတ်သတ်၍ ဗဟုသုတ အနည်းငယ်သာ ရှိသည် ။

ပြုံးနေသော လျှိုယွင်၏ မျက်နှာက တည်ကြည်သွားသည်

"... အရမ်း ...အရမ်းကို အစွမ်းထက်ကြတယ် ..."

လျှိုယွင်က ".အရမ်း.."ဟူသည့်စကားကို နှစ်ကြိမ် အလေးအနက်ပြောပြီမှ ရှောင်လုံကို ဆက်ရှင်းပြလိုက်သည်

"... ထိပ်တန်း တက္ကသိုလ် လေးခုထဲမှာ မိုးပြာရောင် နဂါး တက္ကသိုလ်က အစွမ်းအထက်ဆုံးပဲ ....
အပြင်စည်း ၊ အတွင်းစည်း ၊ အထူး ကျောင်းသား ၊ အကြီးအကဲ စတဲ့ အဆင့်တိုင်းမှာ သူတို့က တခြားတက္ကသိုလ်တွေထက် နှာတဖျားသာတယ်....
မိုးပြာရောင် နဂါး တက္ကသိုလ်မှာလည်း မင်းလို ထူးချွန်တဲ့ မွန်စတားတွေအများကြီးရှိတယ်ကွ ..."

".... သူတို့အားလုံးထဲကမှ အစွမ်းအထက်ဆုံးက တစ်ယောက်က ရှောင်းမင်ကျီ လို့ခေါ်တယ် ... မိုးပြာရောင် နဂါး တက္ကသိုလ် စတင်တည်ထောင်လာချိန်ကနေ အခုအထိ သူ့ကို ပင်ကိုယ်စွမ်းရည် အမြင့်ဆုံးလူအဖြစ် သတ်မှတ်ထားကြတယ် ... နောက်ပြီးတော့ သူကလည်း မိုးပြာရောင် နဂါး တက္ကသိုလ် ကျောင်းအုပ်ကြီးရဲ့ လက်ရင်းတပည့်ပဲ ... သူ သိုင်းလေ့ကျင့်တာ အနှစ်တစ်ရာအောက်ပဲ ရှိသေးတယ် ဒါပေမဲ့ နတ်ဘုရားအဆင့် ၄ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီ ..."

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now