ထိုရှက်ရွံနေသော မျက်နှာလေးက ရှောင်လုံ၏ ထိန်းချုပ်မှုအားလုံးကို သော့ဖွင့်ပေးလိုက်သလို ဖြစ်သွားသည်။ ရှောင်လုံက ရှီရှောင်ဖေး၏ ချယ်ရီသီးလို နူးညံသော နှုတ်ခမ်းလေးကို ရုတ်တရက် နမ်းလိုက်သည်။ ရှောင်လုံ အနမ်းထဲတွင် လျှပ်စစ်ဓတ်ပါနေသလို ရှီရှောင်ဖေးတစ်ကိုယ်လုံး တုန်တက်သွား၏ ။ ထိုနောက် ရှောင်လုံ၏ လျှာက ရှီရှောင်ဖေး၏ နှုတ်ခမ်းကို ညင်သာစွာ ဟရင်း အတွင်းသို့ မြွေတစ်ကောင်လို တိုးဝင်သွားသည်။ ရှီရှောင်ဖေး၏ ခန္ဓာကိုယ်လေးက ကျင့်သားမရခင် အချိန်အနည်းငယ်ကြာအောင် တောင့်တောင့်ကြီး ဖြစ်နေသည်။ ထိုနောက် တဖြည်းဖြည်းနှင့် ရှောင်လုံကို ပြန်၍ တုန့်ပြန်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ ရှီရှောင်ဖေး၏ အသက်ရှုနှုန်းကလည်း ပိုမိုမြန်ဆန်လာသည်။

ရှောင်လုံက အနှစ်တစ်သိန်း နှစ်ချို့ဝိုင်များကိုပင် မြည့်စမ်းခဲ့ဘူးသော်လည်း ထိုဝိုင်များက ရှီရှောင်ဖေး နှုတ်ခမ်း၏ အရသာကို မမှီချေ ။

အချိန်အနည်းငယ်ကြာပြီးနောက် သူတို့နှစိယောက် ပြန်လည်ခွဲခွာသွားကြသည်။
ရှီရှောင်ဖေးပုံစံက တာတို အပြေးပြိုင်ထားသလို မျက်နှာနီပြီး အနည်းငယ် မောဟိုက်နေသည်။ ရှောင်လုံကို မကြည့်ရဲသည့်နှယ် ခေါင်းကိုလည်း ငုံ့ထားသည်။ ထိုသနားစဖွယ် အမူအရာလေးကြောင့် ရှောင်လုံရင်ထဲမှာ ဝရုန်းသုန်းကား ဖြစ်သွားသည်။ ထိုနောက် ရှီရှောင်ဖေးထံမှ ထွက်ပေါ်လာသည့် ညင်သာသော အာမောထိတ်သံအဆုံးတွင် နှုတ်ခမ်းနှစ်ခုက ဂဟေဆော်ထားသလို ထပ်မံပူးကပ်သွားသည်။

သူတို့ပြန်လည်ခွဲခွာပြီးနောက် စက္ကန့်ပိုင်းအကြာတွင်
ရှောင်လုံက ရှီရှောင်ဖေးလက်ကိုဆွဲ၍ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ ထိုနောက် သူ့၏ လွန်ခဲ့သော ခြောက်နှစ်က အတွေ့အကြုံများကို ပြန်ပြောင်းပြောပြလိုက်သည်။

ရှောင်လုံ၏ အတက်အကျ မျိုးစုံသော ခြောက်နှစ်တာ အတွေ့အကြုံများကို နားထောင်းရင်း ရှီရှောင်ဖေး မျက်နှာထက်တွင် အမူအရာအမျိုးမျိုး ဖြစ်နေသည်။ ရှောင်လုံနှင့် ယှဉ်လျှင် ရှီရှောင်ဖေးကုန်ဆုံးခဲ့သော အချိန်များက အလွန်ပင် ရိုးရှင်းသည်။ ကုန်လွန်ခဲ့သောခြောက်နှစ်တာတွင် သိုင်းလေ့ကျင့်သော အချိန်များမှလွဲ၍ ရှီရှောင်ဖေး၏ တခြား အချိန်များက ဟောင်အိမ်တော်၌ ဟောင်မိသားစုဖြင့် နေထိုင်ရင်းသာ ကုန်ဆုံးခဲ့သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now