ထိုအပြင် ရှောင်လုံလို ပါရမီရှင်က လွန်ခဲ့သော သုံးနှစ်ကထက် ပိုပြီး သန်မာလာနိုင်သည်ဆိုသော ကိစ္စက သံသယဖြစ်နေစရာ မလိုပေ ။

"...ဟားဟား ... နတ်ဘုရား အဆင့် ၁ နောက်ဆုံးအဆင့် သိုင်းသမားလေးယောက် ပူးပေါင်းတိုက်ခိုက်တာကို အနိုင်ယူနိုင်တယ်ဟုတ်လား ...? မင်းတို့ကိုတစ်ခုတော့ ပြောပြရအုံးမယ် လွန်ခဲ့သော ရက်အနည်းငယ်က ရှဲနင် အလုပ်တစ်ခုလုပ်ဖို့ အပြင်ဘက်ကိုထွက်သွားခဲ့တယ် ... အပြင်ဘက်ကိုရောက်တော့ နတ်ဘုရားအဆင့် ၁ သိုင်သမား ၆ ယောက် ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်တာကို ခံခဲ့ရတယ် ... ကဲ ... အဆုံးသတ် ဘယ်လိုဖြစ်သွားမလဲ ဆိုတာ ခန့်မှန်းကြည့်ပါအုံး..
အဲ့ဒီ သိုင်းသမားခြောက်ယောက်စလုံးကို ရှဲနင်က လက်စသတ်ပေးလိုက်တယ်  သိပြီလား ...."

အပြင်စည်းတပည့်တစ်ယောက်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"...အဲ့ဒိကိစ္စကို လူအများကြိး သိကြတာမဟုတ်ဘူးကွ ... ရှဲနင်ရဲ့ အစွမ်းနဲ့ဆိုရင် ထိပ်ဆုံးငါးယောက် အတွင်းဝင်နိုင်ဖို့ အရည်အချင်းအပြည့်ရှိတယ်"

ထိုကျောင်းသား၏ စကားသံအဆုံးတွင် သိုင်းပြိုင်ကွင်းတစ်ခုလုံး ကြွက်ကြွက်ညံသွားသည်။

ရှဲနင်က သူ့ကိုဝိုင်းပြီး တိုက်ခိုက်ကြတဲ့ သိုင်းသမားခြောက်ယောက်စလုံးကို သတ်ပစ်လိုက်နိုင်တယ် ဟုတ်လား ...?

ရှဲနင်က ဘယ်လိုစွမ်းအားမျိုးကိုများ ပိုင်ဆိုင်ထားလဲမသိဘူးနော် ...?
အဲ့လိုကိစ္စမျိုးကို နတ်ဘုရားအဆင့် ၂ အလယ်အဆင့် သိုင်သမားတွေတောင် လုပ်နိုင်ကြတာမဟုတ်ဘူးး ....!

ရှောင်လုံကို ထောက်ခံသူများက တမဟုတ်ချင်း လျော့ကျသွားသည်။ သူတို့က ရှောင်လုံအစွမ်း မည်မျှ တိုးတက်လာသည်ကို မသိသော်ကြောင့်
ရှောင်လုံအပေါ် မယုံရဲကြပေ ။

အဲ့ဒါဆို ဟောင်ရှောင်လုံက ရှဲနင်ကို အနိုင်ယူနိုင်ပါ့မလား ...?
ရှဲနင်လိုမျိုး နတ်ဘုရားအဆင့်၁ နောက်ဆုံးအဆင့်သိုင်းသမားငါးယောက်ကို သတ်နိုင်ပါ့မလား ...?

ထိုအပြင် ရှောင်လုံ၏ သိုင်းလေ့ကျင့်သက်က အရမ်းကို နုနယ်နေသေးသည်။ ယခုမှ အနှစ်လေးဆယ်တောင် မပြည့်သေးပေ ။ အနှစ်သုံးဆယ်ကျော်သာ သိုင်းလေ့ကျင့်ထားသူတစ်ယောက်က နတ်ဘုရားအဆင့် ၁ သိုင်ပညာရှင်ခြောက်ယောက်ကို တစ်ချိန်တည်းမှာ သတ်နိုင်လိမ့်မည်ဟု မည်သူကမှ မယုံကြပေ ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Onde histórias criam vida. Descubra agora