တစ်ရက်ကြာပြီးနောက်တွင်လည်း အဆင့် ဝိညာဉ်၂ ကျောက်တုံးအဆင့်၌သာ ရှိနေသေးသည်။ သို့သော်  ဝိညာဉ်ကျောက်တုံး၏ အရည်အသွေးက ပို၍ ကောင်းမွန်လာသည် ။ ထိုအရာက အနည်းငယ်မျှ တိုးတက်မှုလေး ဖြစ်သော်လည်း ရှောင်လုံကတော့ အရမ်းကို ပျော်ရွှင်သွားသည်။ ဤအမြန်နှုန်းနှင့်ဆိုလျှင် အဆင့် ၁ ဝိညာဉ်ကျောက်တုံးများကို စုစည်းနိုင်ရန် အချိန်မဝေးတော့ပေ ။

အချိန်ဆယ့်ငါးရက်ခန့် ထပ်မံကုန်ဆုံးသွားသည်။
အဆင့်နိမ့်အဆင့်မှ အလယ်အလတ် အဆင့်သို့ တိုးတက်ခဲ့သော ဝိညာဉ်ကျောက်တုံးများက ယခုအချိန်တွင် အဆင့်မြင့် အဆင့်အထိ ရောက်ရှိလာသည်။ ထိုအပြင် ရှောင်လုံအတွက် အဆင့်မြင့် အဆင့် ၂ ဝိညာဉ်ကျောက်တုံးတစ်တုံး စုစည်းရန် တစ်စက္ကန့်သာ ကြာမြင့်တော့သည် ။

တစ်လကြာပြီးနောက်

ဝိညာဉ်ကျောက်တုံး၏ အရည်အသွေးက ဆက်လက် တိုးတက်လာပြီး ထိပ်တန်းအဆင့်သို့ ရောက်ရှိသွားသည်။ ထိပ်တန်းအဆင့်၂၏  အထက်တွင် အဆင့်နိမ့် အဆင့် ၁ ဝိညာဉ်ကျောက်တုံး ရှိနေသည်။

ကုန်ဆုံးခဲ့သော အချိန်တစ်လတွင် ရှောင်လုံအတွင်းအားများက ကုန်ဆုံးလိုက် ပြန်လည် ဖြည့်တင်းလိုက် စသဖြင့် ထပ်ခါထပ်ခါ လည်ပတ်နေခဲ့သည်။ ထိုကဲ့သို့ အကန့်အသတ်တစ်ခုအထိ အမြဲတွန်းပို့နေခြင်းကြောင့် ရှောင်လုံချီပင်လယ်အတွင်းမှ အတွင်းအားအရည်များက ပို၍ များပြားလာသည်။
ထိုအပြင် ရှောင်လုံက အတွင်းအားကို ထိန်းချုပ်သည့်နေရာတွင် ပိုမိုကျွမ်းကျင်လာသည်။

နှစ်လကုန်ဆုံးသွားသည်။

ရှောင်လုံက လေဟာနယ်အတွင်းသို့ ဖမ်းဆုပ်လိုက်သည်။  လေထဲမှ ဝိညာဉ်ကျောက်တုံးသုံးတုံး ချက်ချင်း ပြုတ်ကျလာသည်။
ယခုအချိန်မှာတော့ ရှောင်လုံက တစ်က္ကန့်အတွင်း ဝိညာဉ်ကျောက်တုံး သုံးတုံးအထိ စုစည်းနိုင်နေပြီ ဖြစ်သည်။ သို့သော်  ဝိညာဉ်ကျောက်တုံးတွေကိုကြည့်ပြီး  ရှောင်လုံလည်း မျက်မှောင်ကြုတ်သွားသည်။ အချိန်နှစ်လကျော်ကုန်ဆုံးသွားသော်လည်း အဆင့် ၁ ဝိညာဉ် ကျောက်တုံးကို စုစည်းနိုင်ခြင်း မရှိသေးပေ။
ရှောင်လုံ မည်မျှပင်ကြိုးစာစေကာမူ ယခုအချိန်တွင်
ထိပ်တန်းအဆင့် ၂ ဝိညာဉ်ကျောက်တုံးကိုသာ စုစည်းနိုင်စွမ်းရှိသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now