ယခုတစ်ခေါက် ဖြစ်ပေါ်လာသည့် ဝိညာဉ်ကျောက်တုံးထဲတွင် ပိုမိုများပြားသော ဝိညာဉ်စွမ်းအားများ ပါဝင်နေသလို ကျောက်တုံးထဲတွင် စီးဆင်နေသည့် ဝိညာဉ်စွမ်းအားများကလည်း ပိုပြီးတည်ငြိမ်နေသည်။

လက်ရှိအနေအထားကို မကျေနပ်သေးသော ရှောင်လုံက  ဝိညာဉ်ကျောက်တုံးများကို မမောပန်းသည့်ပုံစံဖြင့် အဆက်မပြတ် စုစည်းလိုက်သည်။ ရှောင်လုံ၏ ဖိတ်ခေါ်မှုကြောင့် လေဟာနယ်ထဲတွင် စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ထိုစွမ်းအားများက ဝိညာဉ်ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

တစ်နာရီ ၊ နှစ်နာရီ ၊ သုံးနာရီ ကုန်လွန်သွားသည်။

ရှောင်လုံလည်း နတ်ဘုရားအဆင့် ဝိညာဉ်ဆေးတစ်လုံးကိုမြိုချ၍ သူ့သိုင်းဝိညာဉ်၏ ချက်ချင်းခွန်အားပြန်လည်ဖြည့်တင်းခြင်းစွမ်းရည်ကို ထုတ်သုံးကာ ကုန်ဆုံးသွားသော အတွင်းအားများကို ပြန်လည်ဖြည့်တင်းလိုက်သည်။
ဝိညာဉ်စွမ်းအားများကို ဝိညာဉ်ကျောက်တုံးအဖြစ် ပြောင်းလဲခြင်းဖြစ်စဉ်က လွယ်ကူသည်ဟုထင်ရသော်လည်း ထိုကဲ့သို့ ပြောင်းလဲနိုင်ရန်အတွက် အတွင်းအား အမြောက်အမြားကို အသုံးပြုရသည်။

ရှောင်လုံသာ နတ်ဘုရားအဆင့် ၁ နောက်ဆုံးအဆင့်သို့ ရောက်မနေခဲ့လျှင် ထိုကဲ့သို့ အဆက်မပြတ် ပြောင်းလဲနိုင်မှာ မဟုတ်ပေ။
ထိုကဲ့သို့ ပြောင်းလဲရန် ကြိုးစားခဲ့ပါက နာရီဝက်အတွင်း သူ့အတွင်းအားအကုန်လုံး ကုန်ဆုံးသွားနိုင်သည်။

အတွင်းအားများ ပြည့်နှက်လာပြီးနောက် ဝိညာဉ်ကျောက်တုံးများကို ထပ်မံစုစည်းလိုက်သည်။

မကြာခင် ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ထုကြီးက ဖုံးလွှမ်းသွားသည်။ ရှောင်လုံ၏ အမြန်နှုန်းက ပို၍ မြန်ဆန်လာသည်။ ရှောင်လုံက ပထမဆုံးဝိညာဉ်ကျောက်တုံးကို စက္ကန့်အတော်ကြာအောင် စုစည်းခဲ့ရသည် ။ သို့သော် တစ်ရက်ကြာပြီးနောက် ဝိညာဉ်ကျောက်တုံးတစ်တုံး ဖန်တီးရန် သုံးစက္ကန်မျှသာ ကြာမြင့်တော့သည်။ အချိန်ကြာလာသည်နှင့်အမျှ ရှောင်လုံက ထိုနည်းစနစ်နှင့် ပို၍ ရင်းနှီးလာသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now