သူ့ မျက်လုံးထဲမှ အကြည့်များက ပို၍ အေးစက်လာသည်။  နောက်ထပ်နှစ်လကြာပြီးနောက် ရှောင်လုံ အပြင်ဘက်သို့ ထွက်ပြီး အလုပ်လုပ်ချိန်တွင် ရှောင်လုံအပြတ်ရှင်းမည်ဟု ဆိုလိုလိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ကိစ္စအား လူပုံအလယ်တွင် ထုတ်ပြောရဲသည်ကို ကြည့်ခြင်းအားဖြင့် သူနောက်ခံက အင်အားကြီးကြောင်း သိနိုင်သည်။

လူငယ်က ထိုစကားကို ပြောပြီးသည်နှင့် အေးစက်စက် နှာခေါင်းရှုံ့၍ ချာကနဲ လှည့်ထွက်သွားသည်။ ရှောင်လုံကလည်း သူ့ကို မတားပေ။

"... သူ့ကိုယ်ထဲက ရေခဲမီးတောက် စွမ်းအားတွေကို ခံစားမိတယ် .... အင်းကြည့်ရတာ လင်း မိသားစုရဲ့
အဓိကမိသားစုဝင်တစ်ယောက် ဖြစ်မယ်ထင်တယ်...."

အောင်းတိုင်ရီက ပြောလိုက်သည်။

"... အဲ့ဒီ သိုင်းပညာက လင်းမိသားစုရဲ့ လျှို့ဝှက်သိုင်းကျမ်းတစ်ခုပဲ ... မိသားစုရဲ့ အဓိကလူတွေလောက်ပဲ သင်ခွင့်ရကြတာ ... သူ့ကျင့်ထားတဲ့ သိုင်းကျမ်းက အရပ်လေးမျက်နှာ ရေခဲမီးတောက်သိုင်းလို့ ခေါ်တယ် ... ".

လင်းမိသားစုကလည်း ကြယ်စင်စုထဲမှ  မဟာထိပ်တန်းအင်အားကြီး အဖွဲ့တစ်ခု ဖြစ်သည်။ ယခင်အချိန်ကဆိုလျှင် ရှောင်လုံက ဤကိစ္စကို အချိန်အနည်းငယ်ပေး၍ စဉ်းစားနိုင်သည်။ သို့သော် သူ့၏ လက်ရှိအခြေ့နေနှင့် ထိုကိစ္စလောက်ကို မှုနေစရာ မလိုပေ။

" အင်း ... ငါလည်း နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်အောင် အမြန်ဆုံးလုပ်ရမည် ...."
ရှောင်လုံက စဉ်းစားလိုက်သည်။ ရှောင်လုံ၏ လက်ရှိခွန်အားနှင့် နတ်ဘုရားအဆင့် ၂ အောက် သိုင်သမားအားလုံးကို အနိုင်ယူနိုင်သည်။ သို့သော်
နတ်ဘုရားအဆင့် ၂ သိုင်းပညာရှင်နှင့် ရင်ဆိုင်တွေ့ခဲ့လျှင် ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်ရနိုင်သည်။ လောကကြီးတွင်
လူတစ်ယောက်၏ ကိုယ်ပိုင် ခွန်အားက အရေးအကြီးဆုံး ဖြစ်သည်။

ကျောင်းအုပ်ကြီး၏ လက်ရင်းတပည့်တစ်ယောက် ဖြစ်ရုံနှင့် ကြယ်စင်စုအတွင်းမှာ ထင်သလို စိတ်ကြိုက် လုပ်နိုင်ပြီဟုလည်း ထင်နေရအောင်လည်း ရှောင်လုံက အဲ့လောက်ထိ နုံအ မနေပေ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Nơi câu chuyện tồn tại. Hãy khám phá bây giờ