"... မင်း....မင်း ..."

သူ့ပါးစပ်မှ နောက်ထပ်စကားတစ်လုံး ထွက်မလာခင် သူ့ကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။
ဝမ်ပြောင်ယွမ်က နောက်တစ်ကြိမ် တိုက်လိုက်ရန့ ပြင်လိုက်သည်။

"... တခြားလူတွေ ဝင်ပြီး စွက်ဖက်လို့ မရဘူး ဘယ်လိုလဲ ...?"

ရှောင်လုံက ပတ်ဝန်းကျင်မှ ဝမ်မိသားစုများကို အေးစက်စက်စိုက်ကြည့်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ ဝမ်ပြောင်ယွမ်ကလည်း ဝမ်မိသားစုမှ သိုင်းပညာရှင်များကို ကြည့်လိုက်ပြီး
အော်ပြောလိုက်သည်

"... ဒါက သူ နဲ့ ကျုပ်အကြားက တိုက်ပွဲပဲ .... ဘယ်သူမှ ဝင် မစွက်ဖက်ကြနဲ့ ....!"

ထိုနောက် သူ့ကိုယ်ထဲမှ ရွှေရောင် အလင်းတန်းများ ထပ်မံ၍ ပေါက်ကွဲထွက်လာပြီး သူ့အရေပြားကို ရွှေရောင်ချီ စွမ်းအင် အလွှာတစ်ခုက လွှမ်းခြုံပေးလိုက်သည်။  ဝမ်ပြောင်ယွမ်ခန္ဓာကိုယ်က ခုန်အုပ်တော့မည် ကျားတစ်ကောင်လို စွမ်းအားများ ပြည့်နှက်လာသည်။

"... မဖျက်စီးနိုင်သော ဗာဂျရာ ခန္ဓာကိုယ် ..."

".... ဝမ်ပြောင်ယွမ်က နတ်ဘုရားတစ်ယောက် ဖြစ်လာပြီးနောက်မှာ မဖျက်စီးနိုင်သော ဗာဂျရာ ခန္ဓာကိုယ်ရဲ့ အလားအလာတွေကလည်း နိုးကြားလာတယ် .... အခုဆိုရင် သူ့မဖျက်စီနိုင်သော ဗာဂျရာ ခန္ဓာကိုယ်ရဲ့ ခုခံနိုင်စွမ်က အရင်ကထက် ပိုပြီး ကြောက်စရာကောင်းနေပြီ ... ဝမ်ပြောင်ယွမ်ရဲ့ လက်ရှိ အတွင်းအားနဲ့ဆိုရင် နတ်ဘုရားအဆင့် ၁ နောက်ဆုံးအဆင့် သိုင်းပညာရှင်တောင်မှ  သူရဲ့ ခုခံနိုင်စွမ်းကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး ..."

ဝမ်ပြောင်ယွမ်က သူ့ မဖျက်စီးနိုင်သော ဗျာဂျရာခန္ဓာကိုယ်၏ စွမ်းအား ထုတ်သုံးလိုက်ခြင်းကြောင့် ရင်ပြင်ကျယ်အတွင်းမှာ စိတ်ဝင်တစား ဆွေးနွေးသံများဖြင့် ဆူပွက်လာကြသည်။

ဝမ်ပြောင်ယွမ်က သူ့၏ မဖျက်စီးနိုင်သော ဗာဂျရာခန္ဓာကိုယ်အား ထုတ်သုံးလိုက်တာကို ကြည့်ရင်း ဂူဒူလျန်၏ အေးစက်စက် မျက်နှာထားကလည်း အနည်းငယ် ရှုံ့မဲ့သွားသည်။
သူ့၏ မဖျက်စီးနိင်သော ဗာဂျရာ ခန္ဓာကိုယ်အား ထုတ်သုံးခဲ့လျှင် ဝမ်ပြောင်ယွမ်က  ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်သည်ဆိုတာကို ဂူဒူလျန်စိတ်ထဲမှာ လက်ခံထားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Donde viven las historias. Descúbrelo ahora