ဝမ်ပြောင်ယွမ်၏ လက်သီးသိုင်းကိုကြည့်နေသည့် ပတ်ဝန်းကျင်မှ ပြိုင်ပွဲဝင်များစိတ်ထဲတွင် ရင်ပြင်ကျယ်အပေါ်မှ လေထုကြီးက ပေါက်ကွဲတော့မည့် ဧရာမ ပူဖောင်းကြိး တစ်ခု တူလာသလို ထင်ယောင်ထင်မှား ဖြစ်ကုန်ကြသည်။

ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာပြီး အကုန်လုံး ဘေးကင်းရာသို့ ဆုတ်ပြေးကြသည်။

"... ဒါက ဝမ်အိမ်တော်ရဲ့ နတ်ဘုရားအဆင့် သိုင်းကျမ်းတစ်ခုပဲ ... အပြင်လူတွေကို သင်ကြားပေးလေ့မရှိဘူး .... မရွေ့လျားနိုင်သော ပညာရှိ နတ်ဘုရင် လက်သီးသိုင်းလို့ ခေါ်တယ် ..."

"... ပြောကြတာတော့ အဲ့ဒီသိုင်းပညာကို အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ပြီးရင် ရန်သူအားလုံးကို လက်သီးတစ်ချက်နဲ့တင် မျိုးဖြုတ်ပစ်နိုင်တယ်တဲ့ .... သေသွားတဲ့လူကလည်း
အဲ့ဒီနေရာကနေ နှစ်ပေါင်းတစ်သောင်းလောက် မလှုပ်ရှားတော့ဘူးတဲ့ ...."

ရင်ပြင်ကျယ်ထဲတွင် အာမေထိတ်အသံများဖြင့် ပြည့်နှက်သွားပြန်သည်။ အားလုံးက ဝမ်ပြောင်ယွမ်လက်သီးချက် ထိမှန်တော့မည့် လူငယ်အား စိတ်ဝင်တစား ကြည့်နေကြသည်။
ဝမ်ပြောင်ယွမ်၏ လက်သီးချက်ကို ရှောင်လုံ မည်ကဲ့သို့ တုန့်ပြန်မည်ဆိုတာကိုလည်း သူတို့အားလုံး သိချင်နေသည်။

အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ အကြီးအကဲ ကျန်းတိုင်ချွမ်က အရှေ့ထွက်၍ ဝမ်ပြောင်ယွမ်ကို တားဆီတော့မည်အချိန်တွင် သူ့နားထဲသို့ အသံတစ်ခု ရောက်ရှိလာတာကြောင့်
သူ့လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

သူ့ကျောနှင့် ဝမ်ပြောင်ယွမ်၏  လက်သီးတို့ထိလုဆဲဆဲ အချိန်တွင် ရှောင်လုံက ရုတ်တရက် အနောက်ဘက်သို့လှည့်၍ သူ့လက်သီးအား ဆန့်ထုတ်လိုက်သည်။
လေထဲမှ ပေါက်ကွဲသံများ ငြိမ်သက်သွားသလို
ဗြောင်းဆန်နေသော လေးစီးကြောင်းများကလည်း
နဂို အဆခြအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

ပတ်ဝန်းကျင်တစ်ခု တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူအုပ်ကြီးက အံ့သြမှင်တက်သွားပြန်သည်

"... ဒါတကယ်ပဲ အလုပ်ဖြစ်သွားတာလား ...?"

ရှောင်လုံက သူ့လက်ကို အနည်းငယ် ဆန့်ထုတ်လိုက်ရုံဖြင့် ဝမ်ပြောင်ယွမ် တစ်ကိုယ်လုံး
အနောက်သို့ ဒယီးဒယိုင်ဖြင့် ဆုတ်သွားရသည်။
မီတာအနည်းငယ် အကွာကိုရောက်တော့မှ ဝမ်ပြောင်ယွမ်က သူ့ဟန်ချက်ကို ပြန်ထိမ်းနိုင်လိုက်သည်။ ဝမ်ပြောင်ယွမ်က နီရဲနေသော မျက်နှာထားဖြင့် ရှောင်လုံကို ဒေါသတကြီး
စိုက်ကြည့်လိုက်ပြီး

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now