ခဏကြာပြိီးနောက် ကြီးမားသော ကုန်သည်အဖွဲ့အစည်း တစ်ခု၏ အအောက်အဦး အရှေ့သို့ ရှောင်လုံ ရောက်ရှိလာသည်။

"... သခင်လေး ပစ္စည်းဝယ်ချင်လို့လား ... ဒါမှမဟုတ် ပစ္စည်းရောင်ချင်တာလား ခင်ဗျာ ..."

ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လူငယ်ဝန်ထမ်းတစ်ယောက်က ရှောင်လုံကို ယဉ်ကျေးစွာဖြင့် ကြိုဆိုလိုက်သည်။

"... ငါမှာ ဝိညာဉ်ကျောက်တုံး နည်းနည်းရှိတယ်...အဲ့ဒါကို ရွှမ်းဝူ ဒင်္ဂါးနဲ့ လဲချင်လို့..."

ဆိုင်အလုပ်သမားလူငယ်လေးက ရှောင်လုံကို တိတ်တဆိတ် အကဲခတ်လိုက်သည် ။ ထိုနောက် ပြုံးပြီး မေးလိုက်သည်

".... သခင်လေးဆီမှာ အဆင့်၁ကျောက်တုံး ဘယ်လောက်ရှိလဲဆိုတာကို သိပါရစေ ... ကျွန်တော်တို့ ဆိုင်က အဆင့် ၁ ကျောက်တုံးကိုပဲ လက်ခံလို့ပါ ..."

အဆင့် ၁ ဝိညာဉ်ကျောက်တုံးများက လက်နက်ထုလုပ်သည့်နေရာ ၊ ဆေးဖော်စပ်သည့် နေရာ နှင့် သိုင်းလေ့ကျင့်ရာတွင်လည်း အသုံးဝင်သည်။ စကြာဝဠာ သိုင်းပညာရှင်နှင့်  အထက်သိုင်းသမားများအတွက် အဆင့် ၁ ဝိညာဉ်ကျောက်တုံးကသာ လက်တွေ့မှာ အသုံးဝင်သည်။
ထိုကြောင့် ကုန်သည်အဖွဲ့ကြီးများက အဆင့် ၁ ဝိညာဉ်ကျောက်တုံးကိုသာ လက်ခံကြသည်။

အလင်းတန်းတစ်ချက်လက်သွားပြီးနောက် ရှောင်လုံလက်ထဲသို့ ဝိညာဉ်ကျောက်တုံးတစ်ချို့ ရောက်ရှိလာသည်။ ၎င်းဝိညာဉ်ကျောက်တုံးများက
သဘာဝအတိုင်း ဖြစ်လာသည့် စိတ်ဝိညာဉ်သန္ဓေသားလောင်း အနီးမှ  နံရံပေါ်တွင် ရှိနေသည့် စကြာဝဠာအဆင့် ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည်။

စကြာဝဠာ အဆင့် ဝိညာဉ်ကျောက်တုံး ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တောက်ပခန့်ညားသော အလင်းတန်းများဖြင့် ထွန်းလင်းသွားသည်။ လေထဲတွင် ရှိနေသည့် စိတ်ဝိညာဉ်စွမ်းအားများပင် လှိုင်းတွန့်များအဖြစ် ပြောင်းလဲသွားသည်။

စူးရှသော အလင်းတန်းကြောင့် လူငယ်၏ မျက်လုံးက အလွန်ကို နာကျင်သွား၏ ။ ထိုလူငယ်က ရှောင်လုံလက်ဝါးကို တိုက်ရိုက်မကြည့်ရဲတော့ပေ ။ ဆိုင်အတွင်းမှ တခြားလူများ၏ မျက်နှာထက်တွင် အံ့သြမှင်တက်သည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now