အဆိပ်နောက်ချေးပိုးများကလည်း ရှောင်လုံ အကျ နတ်ဘုရားတစ်ပိုင်းသားရဲများကို ပွဲတော်တည်နေရခြင်းကြောင့် အဆက်မပြတ် ဆင့်ကဲပြောင်းလဲလာသည်။ ယခုဆိုလျှင် အဆိပ်နောက်ချေးပိုးတစ်ကောင်၏ ခွန်အားက စကြာဝဠာ အဆင့် ၁၀ သိုင်းပညာရှစ်တစ်ယောက်နှင့် ညီမျှလေသည်။

အရေအတွက် သောင်းနှင့်ချီနေသော စကြာဝဠာ အဆင့် ၁၀ သိုင်းပညာဂှင်များ စုပေါင်းလိုက်လျှင် နတ်ဘုရားတစ်ယောက်ကိုပင် သတ်ဖြတ်နိုင်သည်။

နေ့ရက်များက လျင်မြန်စွာကုန်ဆုံးသွားသည်။
မူလတောအုပ်အတွင်း ရှောင်လုံရောက်နေသည့် အချိန်က လေးလခန့်ကြာမြင့်သွားသည်။ရှောင်လုံက မူလတောအုပ်အတွင်းမှ ရေတံခွန်တစ်ခုအနားသို့ ရောက်ရှိနေသည်။
နတ်ဘုရားတစ်ပိုင်းသားရဲ အားလုံးနီးပါးသည် ရှောင်လုံလက်ချက်ဖြင့် သေဆုံးသွားကြတာကြောင့် မူလတောအုပ်ထဲတွင် နေထိုင်ရန် လုံခြုံပြီဟု ဆိုနိုင်သည်။ သို့သော် နတ်ဘုရားတစ်ပိုင်း သားရဲများမရှိသည့်နေရာတွင်  ဆက်နေခြင်းကလည်း အဓိပ္ပါယ် မရှိတော့ပေ ။

  ခဏတာမျှ စဉ်းစားပြီးနောက် ရှောင်လုံလည်း မူလတောအုပ်အပြင်သို့ ပြန်ထွက်လာသည်။  တောင်ဘက်နေဝင်ချိန်စံအိမ်ဆီသို့ ရှောင်လုံ ပြန်လည်ရောက်ရှိလာချိန်မှာ ကျောင်းရှုနှင့် ကျန်းဖူတို့က ဟောင်အိမ်တော်အဟောင်းအား ဖျက်ချ၍ ပြန်လည်တည်ဆောက်နေသည့် လုပ်ငန်းစဉ် ပြီးဆုံးသွားကြောင်း လာရောက်သတင်းပို့ကြသည်။

"... အိုး ...ဟောင်အိမ်တော်တောင် ပြီးသွားပြီလား...?"

ရှောင်လုံလည်း အနည်းငယ် အံ့အားသင့်သွားသည်။ ဟောင်အိမ်တော်အား ပြန်လည်တည်ဆောက်ရန်အတွက် ကျောင်းရှု နှင့် ကျန်းဖူအား အချိန်တစ်နှစ်ပေးခဲ့သည်။ သို့သော် ယခုတော့ ဆယ်လကျော်သာ ကြာမြင့်လိုက်သည်။

ဟောင်ပန်နှင့် စုရန်တို့လည်း ထိုသတင်းကိုကြားကြားချင်း လွန်စွာ ပျော်ရွှင်သွားကြသည်။ သူတို့စိတ်ထဲမှာလည်း ဟောင်ကလန်နေရာအဟောင်းနေရာသို့ ပြောင်းရြွေနေထိုင်ရန် အာသီသ ပြင်းပြနေသည်။ ရှောင်လုံက ပြုံးပျော်နေကြသည့် သူမိဘနှစ်ပါးကိုကြည့်ရင်း ဟောင်ကလန်သို့ အမြန်ဆုံးပြန်ရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာမှာပင် သူ့မိဘ ဆွေမျိုး မောင်နှမများနှင့်အတူ ဟောင်ကလန်ရှိရာသို့ ထွက်ခွာလိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now