ရှောင်လုံက လေပေါ်မှာ မြေပြင်ထက်သို့ညင်သာစွာ ဆင်းလာသည်။ ထိုနောက် မိချောင်းကြီးအရှေ့သို့ သွား၍ နတ်ဓားဖြင့် သားရဲအမြူတေအား ခွဲထုတ် ယူလိုက်သည်။ ဧရာမမိချောင်းကြီး၏ ခန္ဓာကိုယ်အား ရွှေရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ထိုမိချောင်းကြီးက သူ့ဘိုးဘေ၏ သွေးမျိုးဆက်ကိုဆက်ခံထားသော ရွှေရောင်အကြေးခွံ မိချောင်းဖြစ်သည်။ သူ့အစွမ်းကလည်း နတ်ဘုရားတစ်ပိုင်းအဆင့် မှ နတ်ဘုရားအဆင့်သို့ရောက်ရန် နီးကပ်နေသည်။

သားရဲအမြူတေအား ထုတ်ယူပြီးနောက် ရှောင်လုံက တင်ပျင်ခွေထိုင်ချလိုက်သည်။ ထိုနောက် အမြူတေအတွင်းမှ စွမ်းအားများအား စတင်စုပ်ယူတော့သည်။

မူလတောအုပ်အတွင်း အချိန်သုံးလနီးပါး ကုန်ဆုံးခဲ့ပြီးနောက် ရှောင်လုံသတ်ခဲ့သည့် နတ်ဘုရားတစ်ပိုင်း သားရဲအရေအတွက်က ၉ကောင်အထိ ရှိလာသည်။ ထိုကိုးကောင်ထဲမှ ၇ ကောင်က နတ်ဘုရားတစ်ပိုင်း မိစ္ဆာသားရဲများဖြစ်ပြီး ကျန်နှစ်ကောင်က နတ်ဘုရားအဆင့်သို့ရောက်ရှိရန် နီးစပ်နေသည့်
မိစ္ဆာသားရဲများ ဖြစ်သည်။ ရှောင်လုံက စကြာဝဠာ အဆင့်၁၀ နောက်ဆုံးအဆင့်မိစ္ဆာ သားရဲများအား
မျက်စောင်းပင် မထိုးပေ ။ အနိမ့်ဆုံးအနေဖြင့် နတ်ဘုရားတစ်ပိုင်း သားရဲ၏ အမြူတေကသာ
ရှောင်လုံအတွင်းအားများကို အနည်းငယ် တိုးတက်လာစေရန် အကျိုးပြုနိုင်သည်။

နဂါးရတနာအကာအကွယ် ကိုယ်လုံသိုင်းအား လပေါင်းများစွာ လေ့ကျင့်ပြီးနောက် ရှောင်လုံ၏ နဂါးခန္ဓာကိုယ်ကလည်း သိသိသာသာကို သန်မာလာသည်။ ထိုအပြင် ပတ်ဝန်းကျင်မှ မိစ္ဆာစွမ်းအားများကိုလည်း စုပ်ယူနိုင်လာသည်။
နဂါးပုလဲလုံး၏ မိစ္ဆာစွမ်းအားများကို သန့်စင် စုပ်ယူပေးနိုင်သည့် မြန်နှုန်းကလည်း ပိုပြီး တိုးတက်လာသည်။

ယခင်က နတ်ဘုရားတစ်ပိုင်း သားရဲ၏ အမြူတေအတွင်းမှ စွမ်းအားများကို သန့်စင်ရန် သုံးနာရီမှ လေးနာရီအထိ ကြာမြင့်တတ်သည်။ သို့သော် ယခုအချိန်မှာတော့ တစ်နာရီမျှသာ ကြာမြင့်လေသည်။ ရှောင်လုံက မိချောင်းကြီး၏ အလောင်းအား ရှင်းလင်းရန်အတွက် အဆိပ်နောက်ချေးပိုးများကို အပြင်ဘက်သို့ ခေါ်ထုတ်လိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now