ပေါက်ကွဲရာမှ ထွက်လာသော သွေးများ ၊ အညှိအဖတ်များဖြင့် ကျန်းကျင်ဖန်တစ်ကိုယ်လုံး ပေပွ သွားသည်။ မြို့ရိုးပေါ်မှ အင်ပါရာ ဒေါင်ရမ်နှင့် တခြားလူများက ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ညှင်သာသော လက်ဝါးလေး တစ်ချက်က ဒီလောက်ထိ ...!

နတ်ဘုရားကျောင်းတော်၏ ဂိုဏ်းခွဲမှူး သုံးဆယ်ငါးယောက်က တစ်ပြိုင်နက်ပေါက်ကွဲ၍ သေဆုံးသွားကြသည်။

ရှူး ...ရှူး ......

ထိုအသံများက ဒေါင်ရမ်တို့လူစု ကြောက်လန့်ပြီး လေအေးများကို ရှုသွင်းလိုက်သည် အသံများ ဖြစ်သည်။

ရှောင်လုံနှင့် ရှေးဟောင်းနဂါးသိုက်သို့ သွားခဲ့သည့်အချိန်များကို ဒေါင်ရမ်ရင်ထဲမှာ ပြန်လည် အမှတ်ရမိလိုက်သည် ။ ထိုအချိန်၌ ရှောင်လုံက စကြာဝဠာ အဆင့်သို့ ရောက်ခါစသာ ရှိသေးသည်။

ဘယ်လောက်ကြာသေးလို့လဲ ...?
ဒေါင်ရမ်က တွေးကြည့်လိုက်သည်။
အခုတော့ စကြာဝဠာအဆင့် သိုင်းပညာရှင်တွေကို ညှင်သာတဲ့ လက်ဝါးလေးတစ်ချက်နဲ့တောင် သတ်နိုင်နေပြီလား ...?

ဂိုဏ်းခွဲမှူး စကြာဝဠာ သိုင်းပညာရှင်များထဲတွင်
အဆင့်မြင့် စကြာဝဠာ သိုင်းပညာရှင် ငါးယောက်
ပါရှိသည်။

မြို့ရိုးအောက်မှ နတ်ဘုရားကျောင်းတော်၏ ဂိုဏ်းသားများက သူတိုအမေကိုတရင်း အော်ငိုနေကြသည်။ နတ်ဘုရားကျောင်းတော် ဂိုဏ်းခွဲမှူးများကို လက်ဝါးတစ်ချက်ဖြင့် အလွယ်တကူ သတ်လိုက်သည့် ရှောင်လုံကိုကြည့်ရင်း ကျောင်းရှုတို့ကိုယ်တိုင်ပက် သေးထွက်ကျလုမတတ် ကြောက်လန့်သွားသည်။
သူတို့ဖင်များကလည်း ဂျယ်လီတုံးများကဲ့သို့ တုန်ခါနေသည်။

ရှောင်လုံက ပတ်ဝန်းကျင်ကို လျစ်လျူရှုထားလိုက်သည် ။ သူအာရုံက ကျန်းကျင်ဖန်အပေါ်ကိုသာ ကျရောက်နေသည်။
ထိုနောက် သူ့လက်တစ်ဖက်ကိုမြှောက်လိုက်သည်။
ချွန်မြသော နတ်ဆိုးချီတစ်ခုက ကျန်းကျင်ဖန်၏ ချီပင်လယ်အတွင်းသို့ ထိုးဖောက်ဝင်သွားသည်။
ထိုနောက် ကျန်းကျင်ဖန်၏ အတွင်းအားချီများကို ထိန်းချုပ်လိုက်သည်။ အတွင်းအားများ ထိန်းချုပ်ခံရပြီးနောက် ကျန်းကျင်းဖန်လည်း မြေပြင်ပေါ်သို့ ဇောက်ထိုးပြုတ်ကျလာလေသည်။
ထိုနောက် မြေကြီးပေါ်မှာ လူးလိမ့်ပြီး နာကျင်စွာဖြင့် အော်နေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now