ရှောင်လုံက နတ်တောင်ရွှမ်းမီအတွင်း၌ ဆက်လက်နေထိုင်၍ နတ်နဂါးသိုင်းကွက် ဆယ့်ငါးကွက်အား သူနှင့်တစ်သားတည်းဖြစ်အောင် တစ်ချို့ သိုင်းကွက်များကို ပြန်လည်ချိန်ညှိလိုက်သည်။
ထိုနောက် အပြင်လောကသို့ စိတ်လှုပ်ရှားစွာဖြင့် ထွက်လာသည်။

သတ်မှတ်ထားသောအချိန်ထက် ရှောင်လုံ ပြန်ထွက်လာသည့်အချိန်က အရမ်းစောနေတာကြောင့် ဟောင်ပန် ၊ စုရန် ၊ ကျန်းဖူနှင့် တခြားလူများက အံ့အားသင့် သွားကြသည်။
တံခါးပိတ်လေ့ကျင့်ခန်းမဝင်ခင်  အနည်းဆုံးအချိန်တစ်နှစ်ကြာမည်ဟု ပြောခဲ့ပြီး  အချိန်ခြောက်လအကြာတွင် ရှောင်လုံ ပြန်ထွက်လာခြင်း ဖြစ်သည်။

တစ်ခုခုများ မှားယွင်းလို့လား....?

"... လုံအာ ...သား ဘာဖြစ်လို့လဲ ...?"

စုရန်က အမေတစ်ယောက်ပီပီ စိုးရိမ်စွာဖြင့် အရင်ဆုံး မေးမြန်းလိုက်သည်။ ရှောင်လုံက သူ့အတွက် စိုးရိမ်နေသော သူ့အမေကိုကြည့်ရင်း ရင်ဘတ်တစ်ခုလုံး နွေးထွေးသွားသည်။ သူက ပြုံးပြီးခေါင်းခါပြလိုက်သည်

"... ကျွန်တော်ဘာမှ မဖြစ်ပါဘူး အမေရဲ့ ..."

ထိုအချိန်၌ ရှောင်လုံ တံခါးပိတ်လေ့ကျင့်ခန်း ပြန်ထွက်လာသည့် သတင်းကိုကြားလိုက်ကြသော ဟောင်မင်း ၊ ဂိုရှောင်ဖန် ၊ ခရမ်းရောင်မျောက်လေး
ဟောင်ရှောင်ယန် ၊ ကောင်းကင်ဝါးမြိုသားရဲ ထျန်လေး နှင့် တခြားလူများက ခန်းမဆောင်အတွင်းသို့ အပြေးတပိုင်း ရောက်ရှိလာကြသည်။

သို့သော် ရှောင်လုံ မမျှော်လင့်ထားသော လူတစ်ယောက်လည်း ရောက်ရှိလာသည်။ ရှီရှောင်ဖေးက ဟောင်မင်းနှင့်အတူ ခန်းမဆောင်အတွင်းသို့ ဝင်လာသည်။

ရှီရှောင်ဖေးက ရှောင်လုံနှင့် မျက်လုံးချင်း ဆုံလိုက်ချိန်မှာ မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးတစ်လုံးလို နီရဲတွတ်သွားသည်။

ခန်းမဆောင်ထဲမှ လူအားလုံးက ရှောင်လုံနှင့်ရှီရှောင်ဖေးအား အဓိပ္ပါယ်တစ်မျိုးထွက်သော အကြည့်များဖြင့် ကြည့်နေကြသည်။ ရှောင်လုံက ရှီရှောင်ဖေးနှင့် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က နောက်ဆုံးတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ သို့သော် ပြန်တွေ့ချိန်မှာ ရှီရှောင်ဖေးက အရင်ကထက်တောင် ပိုပြီး လှပလာသည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now