[17]

9.5K 267 21
                                    

Unicode

နှစ်ယောက်လုံးအိမ်ပြန်ရောက်တဲ့အချိန်သည် ရှစ်နာရီထိုးခါနီး။မနိုးသေးသည့် အိမ်ကလူတွေကြောင့် သက်ငယ်လေးရဲ့သက်ပြင်းချသံက ခပ်ဖွဖွ။

"အခန်းထဲ​ဝင်ပြီး အဲ့အင်္ကျီကို အမြန်လဲပြီး ဖွက်ထား သက်ငယ်"

ခေါင်းလေးငြိမ့်ပြပြီး အခန်းထဲဝင်သွားသောသူလေးကို ကြည့်ပြီး အခန်းတံခါးပိတ်မှ ကိုယ်လည်း ကိုယ့်အခန်းကိုယ်လှည့်ပြန်မည်လုပ်လိုက်သည်။

ဇွဲတို့နိုးသည့်အချိန်သည် နေ့လည်ပင်ရောက်ချေပြီ။

"ဘာလို့ဒီအချိန်မှနိုးတာလဲကွာ လီးပဲ"

ရှုပ်ထွေးနောက်ကျိနေသည့် စိတ်အစဉ်က အိပ်ရေးလွန်မှုကြောင့်။နေ့လည်စာကို အပြေးလေးချက်ကာ အသက်ကလေးအခန်းကို ခေါက်တော့ အသံမပေးသူက အခုထိကောက်နေဟန်။မနက်ကလည်း မနက်စာမပို့ဖြစ်တော့ဗိုက်ဟောင်းလောင်းလေးဖြစ်နေမည်စိုးကာ ယူလာတဲ့သော့အပိုနဲ့ တံခါးဖွင့်ကာ ဝင်သွားလိုက်သည်။

အိပ်ယာပေါ်တုံးလုံးလေးလှဲနေသည့် အသက်ကလေးက တံခါးဖွင့်သံကြားတော့ခေါင်းထောင်ကြည့်လာကာ ဇွဲမှန်းသိတော့ မျက်နှာလေးလွှဲလိုက်တာဟာ ချက်ချင်း။အောင့်သက်သွားသည့် ရင်ဘတ်တစ်နေရာက ပြောမပြတတ်အောင်ပါပဲ။

"မနက်စာ မစားရသေးဘူးမလား ခုနေ့လည်တောင်ရောက်နေပြီ ကိုယ်လာပို့တာ"

"နောက်ကျတယ်"

"ကိုယ်အိပ်ပျော်သွားလို့ပါကွာ ဘာဖြစ်မှန်းလည်းမသိဘူး ဟိုကောင်တွေလည်း ခုထိ နိုးအုံးမယ့်ပုံမပေါ်ဘူး"

ပေစောင်းစောင်းလေးကြည့်လာသည့် အသက်ကလေးရဲ့မျက်နှာဘေးလေးက ဇွဲကိုအပြုံးတွေ ဖြစ်ပေါ်စေသည်။ဘယ်လိုဟာလေးမှန်းမသိ စိတ်တွေမမှန်လေသော သူလေးရဲ့ကလေးဆန်ဆန်အမှုအရာတွေက ကိုယ့်ရင်ကို ကလိကလိဖြစ်စေတာဟာ အသည်းယားခြင်းတစ်မျိုး။

လက်ထဲက ဗန်းကို ခုတင်နံဘေးက စားပွဲပေါ်ချလိုက်ပြီး ကိုယ်ဝင်ထိုင်လိုက်တာ သူလေးနံဘေး။လက်နုနုကလေးကိုဆုပ်ကိုင်လိုက်ပြီး သူလေးနဲ့မျက်နှာချင်းဆိုင်ကာ

ဖေဖေ့သူငယ်ချင်း [Complete]Where stories live. Discover now