[15]

16.4K 398 28
                                    

Unicode

'ဒုန်း! ဒုန်း!'

အခန်းတံခါးကို တဒုန်းဒုန်းထုနေသောအသံကြောင့် ပြုံးဝေကိုရင်ခွင်ထဲထည့်ကာ အိပ်စက်နေသော ခေတ်သည် နိုးလာပြီး အခန်းတံခါးကိုကြည့်သည်။ရင်ခွင်ထဲက ကိုယ်လုံးငယ်ကို ဖြေးဖြေးချင်းဆွဲထုတ်ပြီး အသာအယာထထိုင်သည်။မျက်ဝန်းအစုံကတော့ စိတ်ရှုပ်မှုတွေအတိုင်းသားပေါ်နေသည်။တံခါးသွားဖွင့်ပေးလိုက်တော့ ပြင်းထန်သောလက်သီးတစ်ချက်သည် ပါးပြင်ပေါ်ရောက်သည်။ယိုင်ထွက်သွားသော ကိုယ်လုံးသည် တွန်းတိုက်ကာ အခန်းထဲ ဝင်သွားသော ဇွဲကြောင့်

"တောက်စ်! ခေတ်တရာစေ!!! မင်းကို ငါ့ကလေးနဲ့တခန်းထဲ အတူအိပ်ရမယ်ပြောမိသလား ခွေးမသား!"

ဇွဲသည် ဒေါသတကြီး အံကြီးကြိတ်ကာ ခေတ်ကိုပေါက်ထွက်မတတ်ကြည့်ကာပြောသည်။

"ငါမအိပ်ပါဘူး စောင့်ကြည့်ရမယ့် အရာတွေရှိသေးလို့"

"ကြိုပြောလေ ညက မင်းလိုချင်တယ် ဆိုလို့ ငါစောင့်တယ် ငါ့ကလေးအခန်းထဲ မင်းတစ်ညလုံးရှိနေတာ ငါ့ရင်ထဲဘယ်လောက်တောင်ပူလောင်ပြင်းပြနေမလဲ မင်းတွေးကြည့်စမ်း ခေတ်"

"ငါနားလည်တယ် ဒါပေမယ့် ငါကတော့ ငါလုပ်ရမဲ့အရာကိုဆက်လုပ်မှာပဲ"

ခေတ်စကားရဲ့အတိမ်အနက်ကို သေချာမသိသော ဇွဲသည် တောက်စ်တစ်ချက်ပြင်းပြင်းခပ်ကာ စိတ်ကိုလျှော့သည်။

"ငါတို့အသံအကျယ်ကြီးပြောနေတာကို အသက်က ဘာလို့အိပ်ပျော်နေသေးတာလဲ ငါ့အသက်ကအအိပ်မက်တဲ့ကလေးမဟုတ်ဘူး"

မျက်ခုံးတွေတွန့်ချိုးကာ စူးစူးရဲရဲကြည့်လာပြန်တော့ ခေတ်ကမျက်နှာလွှဲလိုက်ပြီး ခုတင်နံဘေးရှိ စားပွဲပေါ်က ဆေးရမဲ့ပန်းကန်လုံးကိုယူသည်။

"ငါအိပ်ဆေးတိုက်ထားတာ"

"ဘာကွ!!! ဟေ့ကောင် မင်းအပြင်ထွက်ခဲ့"

ခေတ်ရဲ့လည်စေ့ကို ဆွဲဆုပ်ကာ အပြင်ဆွဲခေါ်လာတော့ခေတ်သည် ဇွဲလက်ထဲ ငြိမ်လျက်သားပါလာသည်။ဧည့်ခန်းရောက်မှ ခေတ်ကို ဆိုဖာပေါ် ပစ်တွန်းချလိုက်ပြီး ဇွဲက စားပွဲပေါ်ရှိ ရေကရားထဲက ရေကို မော့သောက်သည်။ပြီးမှ ခေတ်ကို သေချာပြန်ကြည့်လာပြီး

ဖေဖေ့သူငယ်ချင်း [Complete]Where stories live. Discover now