The end [real]

16.2K 284 31
                                    

Unicode

သွေးကြောတွေ စိမ်းမြနေသည့် ဘယ်ဘက်လက်တစ်ဖက်သည် ကာစတီယာတိုင်ကိုသေချာကိုင်ကာ ကျန်လက်တစ်ဖက်သည် နံဘေး၌ ထိုင်နေသည့် ကလေးငယ်၏လက်လေးကို ခပ်ဖွဖွဆုပ်ကိုင်မိတော့။

"လွှတ်ပါ အဲ့လိုတွေ ကျတော်မကြိုက်ဘူး ဉီးစေ"

အောင့်မျက်သွားသည့် ရင်ထဲတစ်နေရာကတော့ သိုသိုသိပ်သိပ်နဲ့ပါပဲ။ကလေးငယ် ပြောတဲ့အတိုင်း ဆုပ်ကိုင်ထားမိသည့် လက်ကိုလွှတ်လိုက်သည်။

"ဘာလို့လဲ ဉီးက မင်းချစ်သူပဲလေ"

"ဘာလို့လိမ်နေသေးမှန်းမသိပေမယ့် ကျတော့်ရင်ထဲကသူက ခဗျားမဟုတ်ဘူးဆိုတာ သေချာတယ် ဉီးစေ"

ကားကို ဘရိတ်အုပ်ကာ ရပ်လိုက်ပြီး ခေတ်တရာစေက ခက်ထန်နေသည့်မျက်နှာနှင့် သက်ပြုံးဝေကို လှည့်ကြည့်သည်။

"ဘာလို့လဲ မသိဘူး ဟုတ်လား ချစ်လို့လေ မင်းကိုသိပ်ချစ်နေလို့ ဆိုတာ မသိဘူးလား! သက်ပြုံးဝေ! မင်းနဲ့အတူ ဒီလေးနှစ်ကျော်ကို ငါဘယ်လိုများဖြတ်သန်းခဲ့ရလဲ ဘယ်အချိန်များ အဲ့ဒီကောင်ပေါ်လာပြီး မင်းကို ပြန်ယူသွားမလဲဆိုတာ ငါ့မှာ ရင်တထိတ်ထိတ်နဲ့"

ခံစားချက်ကင်းမဲ့နေသည့် မျက်လုံးတွေနှင့် သက်ပြုံးဝေက တည်ငြိမ်စွာ ခေတ်ကိုကြည့်သည်။

"ဉီးစေကိုကြည့်ရတာ ဘယ်လိုပုံနဲ့တူလဲ သိလား ဟိုညက ကျတော်သတ်လာတဲ့ကောင်မလေးနှစ်ယောက်နဲ့တူတယ် တစ်လလုံးလုံးဘယ်ချိန်သတ်မလဲဆိုပြီး သူတို့လဲ ဉီးစေလိုပဲ ထိတ်လန့်နေလောက်မှာ အဲ့လိုပုံကိုကြည့်ရတာ အရသာရှိချက်ဗျာ"

"မင်း!! သက်ပြုံးဝေ! မင်းက ငါ့ချစ်သူ ငါ့အပိုင် ငါ့အနားပဲနေရမှာ"

"ဟားးးးဟားးးး ဉီးစေရယ် ဖြေးဖြေးပြောပါ ခုတောင် ကျတော် ဘယ်လိုခိုးထွက်လာလဲ မသိတဲ့သူက အဲ့လိုဟစ်ကြွေးနေတော့ ရယ်ချင်လို့ပါ"

"မင်း ပျက်ရယ်မပြုစမ်းနဲ့! သက်ပြုံးဝေ ငါ့အချစ်က ပေါပေါပဲပဲမဟုတ်ဘူး မင်းကို မြတ်နိုးလွန်းလို့ ဖြစ်တည်လာတဲ့ ငါ့နှလုံးသားကို သေးသေးလေးတောင် ပျက်ရယ်ပြုခွင့်မရှိဘူး!!"

ဖေဖေ့သူငယ်ချင်း [Complete]Where stories live. Discover now