[12]

19.8K 518 24
                                    

Unicode

ဒီနေ့နဲ့ဆို ဇွဲ ပြုံးဝေကို သွားမတွေ့ဖြစ်တာ သုံးရက်ခန့်ရှိနေပြီဖြစ်သည်။သီဟသည်လည်း ပြန်ရမှာစိတ်မချသည့်အတွက် ခုထိ ကျွန်းပေါ်သောင်တင်နေဆဲ။လွမ်းသည် ရူးမတတ်ကို လွမ်းသည် အသက်ကိုလွမ်းစိတ်ဖြင့် စားမဝင် အိပ်မပျော်ဖြစ်ကာ မျက်တွင်းတွေလဲ ဟောက်ပတ်။သုံးရက်အတွင်း သိသိသာသာချောင်ကျသွားသည့် ဇွဲမျက်နှာသည် လွမ်းဆွေးမှုများနှင့်။အမြဲတစေ ပင်လယ်ကြီးကိုကြည့်ကာ သူတွေးနေတတ်ပါသည်။လက်လွှတ်လိုက်ရမလား ဆိုသည့်အတွေး။

ပင်လယ်ကြီးကိုကြည့်ကာ ကြေကွဲရိပ်တွေ စွန်းထင်းနေသည့် လူကြီးတစ်ယောက်၏ ပုံရိပ်သည် ရင်ထဲစို့နစ်ဖွယ်ရာပါ။

"ဒီနေ့လဲ သူမလာပြန်ဘူး!"

အံကြိတ်လျက် ပြောကာ အခန်းတံခါးပေါက်ကို စေ့စေ့စိုက်ကြည့်နေသော ပြုံးဝေ၏မျက်နှာသည် ခက်ထန်နေကာ
ဒေါသအရိပ်အယောင်တွေနှင့်။

သူရောက်မလာတာသုံးရက်တင်းတင်းရှိပြီဖြစ်သလိုဉီးသီဟတစ်ယောက်သာ ထမင်းစားချိန်တွေ ထမင်းလာပို့တတ်သည်။ပြောတော့ ချစ်လို့ ခိုးလာမိတာပါဆို အဟမ့်! အခုတော့ဖြင့် လာတောင်မတွေ့နိုင်တော့တာ ဘာအချိုးလဲ။သတ်ပစ်ချင်လိုက်တာ မဟုတ်ဘူး သတ်ပစ်မှာ ငါ့ကိုအပေါ်ယံလာဆက်ဆံပြန်ပြီ။ထင်လျားဆိုတဲ့ကောင်လို အသေဆိုးနဲ့ သေချင်လို့ ငါ့ကိုရှေ့တစ်မျိုးကွယ်တစ်မျိုးလုပ်သွားတာ။ဉီးဇွဲခန့်သစ် ခင်ဗျားကြီး သေသင့်တယ် မျှော်နေမိတဲ့ သူ့ကိုယ်သူလည်း မုန်းသည်။ဘာလို့လဲ ဘာလို့ ဉီးဇွဲခန့်သစ်ကပါ သူ့ကို အဲ့လိုဆက်ဆံရက်တာလဲ။သတ်ပစ်မှာ တကယ်သတ်ပစ်မှာ နီရဲလာတဲ့မျက်ဝန်းတွေနှင့်အပြိုင် ခံစားချက်တြွေပင်းထန်နေတဲ့ ပြုံးဝေသည် မတည်မငြိမ်မျက်ဝန်းတွေနှင့် ကျဆင်းလာသည့် မျက်ရည်တွေကလည်း အဖြိုင်ဖြိုင်။

>>>>>>>>>>>>>>>>

"သွားတွေ့မလို့လား ဇွဲ"

တုံ့ခနဲရပ်သွားသည့်ခြေလှမ်းတွေနှင့်အတူ ဇွဲကလှည့်ကြည့်သည်။

" သုံးရက်တင်းတင်းရှိပြီလေ ငါသိပ်လွမ်းနေပြီ သီဟ
လက်မလွှတ်နိုင်ပြန်ဘူး ငါလက်လွှတ်ဖို့တွေးထားခဲပေမယ့်
ငါမနေနိုင်ဘူး သက်ပြုံးဝေကိုအနီးအနားမှာရှိရက်နဲ့ သုံးရက်တိမတွေ့ပဲ ငါတောင့်ခံခဲ့ရတာတောင် ရူးတော့မလိုပဲ တစ်သက်လုံးဆို ငါမတွေးရဲဘူး မင်း ငါ့ကိုနားလည်ပေးပါ သီဟ"

ဖေဖေ့သူငယ်ချင်း [Complete]Where stories live. Discover now